Movie Name
Kyle XY (S1,S2,S3) (2006-2009)
Year
2006
Generes
Drama, Romance
Code
SE0143
Type
Series
Size
20.1 GB
Country
Hollywood
Description
ဇာတ်လမ်းက ဒီလိုဗျ . . . မြို့နဲ့ မနီးမဝေး တောအုပ်ကြီးတစ်ခုမှာ ခန္ဓာတစ်ခုလုံး အရိအရွဲတွေနဲ့ အခုမှ မွေးဖွားလာတဲ့ ကလေးတစ်ယောက်လိုပဲ လူသားတစ်ဦး ပေါ်လာခဲ့ပါတယ်။ သူက ဘယ်ကပေါ်လာတာလဲ၊ ဘာကောင်လဲ ? အဲဒီနောက်တော့ ကောင်လေးဟာ တောအုပ်ထဲက ထွက်လာပြီး မြို့ထဲလမ်းမပေါ်မှာ ဟိုကြည့်ဒီကြည့် လျှောက်သွားနေလို့ ရဲတွေက ထိန်းသိမ်းစစ်မေးရာမှာ ဘာမှ မေးမရဘဲ အတိတ်မေ့နေတာကို တွေ့ရပါတယ်။ ဒီကောင်လေးဟာ ထူးခြားနေတဲ့အတွက် စိတ်ပညာကုထုံးပညာရှင် နစ်ကိုးလ်က သူ့အိမ်ကို ခေါ်သွားပြီး ကုသပါတယ်။ ထူးခြားချက်ကတော့ လူတိုင်း လူတိုင်း မွေးဖွားလာပြီဆိုကတည်းက ချက်ကြိုးကို စတင်ဖြတ်ရတာက ထုံးစံပါပဲ။ ဒါက လူတွေမှာ တွေ့ရတတ်တဲ့ မွေးရာပါ အမှတ်အသားတစ်ခုပေါ့။ သူက အဲလို ချက် အရာမရှိဘဲ ချက်နေရာမှာ အသားတွေနဲ့ ပြောင်ချောနေတာတော့ တော်တော်လေး ထူးဆန်းပါတယ်။ ကောင်လေးမှာ သာမန်လူတွေထက် သာလွန်တဲ့ မှတ်ဉာဏ်ကို ပိုင်ဆိုင်ထားပြီး သူလုံးဝ မသိတဲ့ ဘာသာစကားတွေ၊ ပညာရပ်တွေကို ရက်ပိုင်းအတွင်း ထိပ်တန်းဖြစ်အောင် သင်ယူနိုင်စွမ်း ရှိလာတာကို ကောင်းကောင်းကြီး တွေ့လာရတယ်။ ဉာဏပိုင်းသာမက ကာယပိုင်းမှာပါ သူမတူအောင် စွမ်းဆောင်ရည်တွေ ရှိနေလို့ သူ့ကို ဂြိုဟ်သားတစ်ယောက်လို့ ထင်မြင်သူတွေလည်း ရှိလာတဲ့အပြင် ရဲတပ်ဖွဲ့ကလည်း သူ့ကို လူသတ်မှုတစ်ခုအတွက် သင်္ကာမကင်းဖြစ်ပြီး စောင့်ကြည့်လာကြတယ်။ အဲဒီကောင်လေး ဘယ်ကေန ရောက်လာတာပါလဲ။ သူ့ရဲ့ အတိတ်ဇာတ်ကြောင်းက ဘာလဲ။ လူသတ်မှုက သူ့လက်ချက်ပဲလား။ ဒါမှမဟုတ် သူက ဂြိုဟ်ပေါ်က ကျလာတဲ့ ဂြိုဟ်သားတစ်ဦးလား။ သူ့မှာ သာမန်လူတွေထက် သာလွန်တဲ့ စွမ်းရည်တွေ ဘာလို့ ပိုင်ဆိုင်ထားရတာလဲ။ ဒီလဲတွေ လားတွေများစွာရဲ့ ပဟေဠိတွေကို သိချင်ရင်တော့ Kyle XY စီးရီးစ်လေးကိုသာ ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါ။ စိတ်ဝင်စားစရာ သိပ္ပံကားဖြစ်ပြီး သဘာဝလွန်ကိစ္စတွေ မပါဝင်ဘဲ အချစ်၊ အမုန်း၊ အလွမ်း၊ အေဆွးလေးတွေ ပါဝင်တဲ့ Drama ဇာတ်လမ်းတွဲကောင်းလေး ဖြစ်ပါတယ်။ စကားမစပ် ပြောရရင်တော့ သရုပ်ဆောင် မင်းသား၊ မင်းသမီးတွေအားလုံး ချစ်စရာအရမ်းကောင်းပါတယ်။ တစ်ပိုင်းကြည့်ပြီးတာနဲ့ နောက်အပိုင်းတွေ ဆက်ကြည့်ချင်လောက်အောင် ဇာတ်လမ်းက စွမ်းဆောင်ပေးပါလိမ့်မယ်။ ဒီဇာတ်လမ်းကို ဘာသာပြန်သူကတော့ Idiot One ပဲ ဖြစ်ပါတယ်။ Season ၃ ခု ရှိပြီး ဒီပထမတွဲမှာတော့ စုစုပေါင်း ၁၀ ပိုင်း ပါဝင်မှာ ဖြစ်ပြီး တစ်နေ့တစ်ပိုင်း ပုံမှန်တင်ဆက်ပေးသွားမှာမို့ Stay at Home ကာလလေးမှာ ဘဝအမောတွေ ဖြေဖျောက်ကြရအောင် SP HD Channel ကနေ စီစဉ်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။