-
Movie Name
-
Paul [2011]
-
Year
-
2011
-
Generes
-
Comedy, Sci-Fi
-
Code
-
EN0660
-
Type
-
Movie
-
Size
-
899 MB
-
Country
-
Hollywood
-
Description
-
CM ပရိတ်သတ်အတွက် ဒီတခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ “Paul” ဖြစ်ပါတယ်…
ဒီဇာတ်လမ်းကတော့ 2011 က ထွက်ရှိခဲ့တာဖြစ်ပါတယ်…
လူတိုင်းမှာ ဝါသနာအမျိုးမျိုးရှိပါတယ်..
သီချင်းဆိုတာစိတ်ဝင်စားတာ.. ကွန်ပြူတာစိတ်ဝင်စားတာ…စသဖြင့် ဝါသနာကိုယ်စီရှိကြပါတယ်…
ကလိုက်ဗ် နဲ့ ဂရမ်းဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ ဂြိုဟ်သားရှိတာကိုယုံကြည်ပြီး ဂြိုဟ်တွေအကြောင်းကို စိတ်ဝင်စားကြပါတယ်..
ဝါသနာတူသူငယ်ချင်းနှစ်ယောက်အမေရိကန်မှာကျင်းပတဲ့ သိပ္ပံရုပ်ပြပွဲကို သွားချိန်မှာဇာတ်လမ်းစတော့တာပါပဲ….
သူတို့နှစ်ယောက်ဟာ ဥက္ကာပျံတွေပျက်ကျတယ်ဆိုပြီး လူသိများတဲ့ နေရာတစ်ခုကို သွားရောက်လည်ပတ်ခဲ့ကြပါတယ်..
အဲ့အချိန် Paul လို့ အမည်ရတဲ့ ဂြိုဟ်သားဟာ FBI ကနေ ထွက်ပြေးလာချိန်ဖြစ်ပါတယ်…
Paul ဟာ လွန်ခဲ့တဲ့ နှစ် ၆၀ လောက်တည်းက ကမ္ဘာမြေပေါ်ယာဉ်ပျက်ကျကာ အစိုးရခိုင်းစေတဲ့ တာဝန်တွေကို အကြံပေးနေရသူပါ…
တစ်နေ့ သူ့ကိုသတ်မယ်ဆိုတဲ့ သတင်းကြားပြီးနောက် ထွက်ပြေးတိမ်းရှောင်ရပါတော့တယ်…
Paul ဟာ ဂရမ်း ကလိုက်ဗ်တို့နဲ့ ပတ်ပင်းတိုးပါတော့တယ်…
သူငယ်ချင်းနှစ်ယောက်ဟာ Paul ကို သူ့နေရပ်ကို ပြန်နိုင်ဖို့ ကူညီပေးခဲ့ပါတယ်…
ဒီအပြန်ခရီးမှာတော့ ကြုံရတဲ့အလွဲတွေ.. ဟာသနှောထားတဲ့ အဖြစ်အပျက်လေးတွေ..FBI ရဲ့ အနှောင့်အယှက်တွေ ဖြတ်ကျော်ပုံတွေကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်…
ဒီဇာတ်လမ်းကို ကြည့်ပြီးချိန်မှာအတွေးတစ်ခုတော့ရလာမှာပါ…
CM ပရိတ်သတ်ကကော ဂြိုဟ်သားရှိတာကို ယုံလား…
ဂြိုဟ်သားပုံစံတွေကကော ဘယ်ကရလာတာလဲ
သိပ္ပံပညာရှင်တွေစိတ်ကူးယဉ်သက်သက်ဆွဲထားတာလား…
ဇာတ်လမ်းထဲက မင်းသမီး ရုသ် ပြောသလို ဘုရားသခင်ဖန်ဆင်းထားတဲ့ ကမ္ဘာမြေတစ်ခုတည်းရှိတာလား…
ဂြိုဟ်သားဇာတ်လမ်းမျိုးစိတ်ဝင်စားတဲ့ ပရိတ်သတ်ကတော့ ဒီဇာတ်လမ်းလေးကို နှစ်ခြိုက်မယ်လို့ အာမခံပါတယ်…
ကြည့်ရှုခံစားကြပါဦး