Movie Name
Bhoothnath Returns(2014)
Year
2014
Generes
Comedy, Drama
Code
00033
Type
Movie
Size
866 MB
Country
Bollywood
Description
အသိဉာဏ်ထက်မယ့်ဇာတ်ကားလေးကိုရွေးချယ်ကြည့်ဖြစ်မယ်ဆိုရင်ဒီဇာတ်ကားလေးကိုမမေ့လိုက်ပါနဲ့မိတ်ဆွေ။

ဒီဇာတ်ကားလေးဟာ
IMDB 7 ရထားတဲ့အတွက်
ဇာတ်ကားကောင်းတစ်ခုလို့
ညွှန်းဆိုရမှာပါ။

(ဇာတ်လမ်းအကျဉ်း)

မစ္စတာဘွက်နပ်ခ် ဟာ ကမ္ဘာမြေကနေ
ဝိညာဉ်လောကဆီ ပြန်လာတဲ့ သရဲတစ်ကောင်ပေါ့။

သူဟာ သရဲ အဖြစ်နဲ့ ကမ္ဘာမြေဆီရောက်ခဲ့ဖူးသူပါ။
သို့သော် ကလေးတွေကအစ
သူ့ကို မကြောက်လို့ 
အခြားဝိညာဉ် တွေရဲ့
လှောင်ပြောင်ခြင်းကို
ခံစားနေရတာပါ။

ဒီလိုနဲ့ ကမ္ဘာမြေဆီတစ်ခေါက်ပြန်လာခဲ့ပါပြီ။
ဝိညာဉ် တွေရဲ့လှောင်ပြောင်မှုတွေ တိတ်သွားအောင်
ကလေးတွေကို ခြောက်လှန့်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့။

သို့သော် သူထင်သလို မဖြစ်ခဲ့ပါဘူး။
 ဒီလိုနဲ့သူဟာထိုင်ခုံတစ်ခုမှာထိုင်နေတုန်း
သူ့ကို မြင်တွေ့နိုင်တဲ့သူငယ်လေးတစ်ဦးနဲ့ဆုံတွေ့ခဲ့ပါတယ်။ 
ထိုသူငယ်ကတော့
အက်ကရော့ဆိုတဲ့ ကောင်လေးပါပဲ။

ဒီလိုနဲ့ မစ္စတာဘွက်နပ်ခ် ဟာ
ထိုသူငယ်အကူအညီနဲ့ ကလေးငယ်တွေကို
ခြောက်လှန့်ကြတယ်။သရဲတကယ်ရှိကြောင်း
ခြိမ်းခြောက်ကြတယ်။

အက်ကရော့ ကူညီလို့အဆင်ပြေတော့
မစ္စတာဘွက်နပ်ခ် ကလည်း
အက်ကရော့ ကိုပြန်ကူညီပါတယ်။

သရဲရှိလို့ ဆက်လက်မဆောက်တော့တဲ့တိုက်တွေဆီသွား၊
ဝိညာဉ် တွေနဲ့ မစ္စတာဘွက်နပ်ခ် တို့စကားပြောကြပြီး
အက်ကရော့ ကိုကူညီကြတယ်။
အဆောက်အဦး ပိုင်ရှင်တွကလည်း
အက်ကရော့ ကိုပိုက်ဆံပေးကြတယ်။

ဒီလိုနဲ့ တစ်နေ့မှာတော့ အက်ကရော့ ဆီ ဘဟူဆိုတဲ့
အဆောက်အဦးပိုင်ရှင်တစ်ဦးက 
ငွေအမြောက်အမြားပေးရင်း
အဆောက်အဦးမှာရှိတဲ့ ဝိညာဉ် တွေကိုဖယ်ရှားစေခဲ့ပါတယ်။

အဲဒီတိုက်ဟာ ဘဟူ မတရားသိမ်းပိုက်ခဲ့တာဖြစ်ပြီး
ဝိညာဉ်တွေဟာလည်း ဖယ်ရှားလိုခြင်းမရှိတာကြောင့်
အက်ကရော့ ဟာ ဘဟူ ကို အကျိုးအကြောင်း
ပြောပြခဲ့တယ်။ ဒါပေမဲ့ လက်မခံနိုင်တဲ့ ဘဟူအတွက်တော့
ဒေါသကြီးလွန်းစေခဲ့ပါတယ်။

ဘဟူ ဟာ ရွေးကောက်ပွဲဝင်ရန်ဆုံးဖြတ်ထားသူဖြစ်ပြီး
လူကောင်းတစ်ယောက်မဟုတ်သောကြောင့်
အက်ကရော့ ဟာ သဘောမကျခဲ့ပါဘူး။
ဒါကြောင့် ဘဟူကိုယှဉ်ပြိုင်ရန်
မစ္စတာဘွက်နပ်ခ် ကိုတိုက်တွန်းခဲ့ပါတယ်။
ဒီလိုနဲ့ ဝိညာဉ် မစ္စတာဘွက်နပ်ခ် ဟာ
ရွေးကောက်ပွဲဝင်ဖို့ ကြိုးစားပါတော့တယ်။

သမရိုးကျမဟုတ်တဲ့သရဲအတွက်တော့
ရွေးကောက်ပွဲဝင်ပြိုင်ဖို့ဆိုတာ
ဘာတွေလိုအပ်နေလဲ။ 
ဘာတွေလုပ်ဆောင်မလဲ။
ဘယ်လိုတွေ ဖြစ်လာဦးမလဲဆိုတာက
ရင်ခုန်ဖွယ်ကောင်းလှပါတယ်။ 

ဒီဇာတ်ကားလေးဟာ ပေါ့ပါးလွန်းပြီး
စိတ်ကူးလှပလွန်းတဲ့အတွက်
မငြီးငွေ့ရအောင်ဆွဲဆောင်မှုရှိမှာပါ။

ဘဟူ နဲ့ မစ္စတာဘွက်နပ်ခ် တို့
ရွေးကောက်ပွဲအခြေအနေက 
ဘယ်လိုဖြစ်လာမလဲ။

စွမ်းအားမသုံးတဲ့ မစ္စတာဘွက်နပ်ခ် အတွက်
ခက်ခဲမှုတွေ ဘာတွေဖြစ်လာဦးမှာလဲ။

ဘယ်သူက အနိုင်ရမှာလဲ။

နိုင်ငံကောင်းစားရေးအတွက်
မကောင်းသူကိုဦးမတင်လိုသူ
မစ္စတာဘွက်နပ်ခ် ရဲ့ခံယူချက်ကရော?

မစ္စတာဘွက်နပ်ခ် ရဲ့ဝိညာဉ်မှတ်တမ်းတွေကရော။

စတဲ့ စိတ်ဝင်စားဖွယ်ကောင်းလှတဲ့
ဇာတ်လမ်းဇာတ်ကွက်တို့က
သင့်အား ဆွဲဆောင်နှိုင်မှာပါ။

သရဲ ဝိညာဉ် အဖြစ်လဲနိုင်ငံကောင်းကျိူး
ဆောင်ရွက်လိုစိတ်ရှိခြင်း၊ မမြင်နိုင်တဲ့သံယောဇဉ်တွေ
အကြောင်းလည်းသိရှိရတဲ့အတွက်
ဇာတ်ကားတစ်ကောင်းလို့
လက်တို့ပြောလိုက်ပါရစေတော့။