Movie Name
အချစ်ပရိုဂရမ် (Cute Programmer) (2021)
Year
2021
Generes
Drama, Romance
Code
SC0372
Type
Series
Size
10.3 GB
Country
China
Description
Cute Programmer (2021) အချစ်ပရိုဂရမ် (မြန်မာစာတန်းထိုး) Programmerကိုကိုမမတွေက ပရိုဂရမ်‌ရေးတဲ့နေရာမှာထူးချွန်ကြ‌ပေမဲ့ အချစ်ရေးကို‌ရော ကောင်းကောင်းကိုင်တွယ်နိုင်ကြရဲ့လား 🤔 ⌨️ ဇာတ်လမ်းအကျဉ်း ⌨️ "လုလီ"ဆိုတဲ့ကောင်မလေးတစ်ယောက်က ဉာဏ်ကြီးရှင်Programmer "ကျန်းယိချန်"ကိုချစ်မိသွားပြီးတဲ့နောက် သူတက်ခဲ့တဲ့‌‌ကျောင်းကို‌ပြောင်းခဲ့တဲ့အပြင် တူညီတဲ့မေဂျာကိုလည်းယူခဲ့ပါတယ်။ "ကျန်းယိချန်"ကို စံပြမော်လ်ဒယ်တစ်ယောက်အဖြစ် နှလုံးသားထဲမှာသိမ်းဆည်းထားရင်း စာကြိုးစားခဲ့ပေမဲ့ ကျောင်းပြီးသွားတဲ့အခါ သိလိုက်ရတာက "ကျန်းယိချန်"ရဲ့ကုမ္ပဏီမှာ အမျိုးသမီးဝန်ထမ်းတွေကို မခေါ်ပါဘူးတဲ့။ ယောကျာ်းလေးယောင်ဆောင်ပြီး အလုပ်ဝင်ဖိုဆုံးဖြတ်ခဲ့တဲ့‌နောက် အခက်အခဲတွေနဲ့ရင်ဆိုင်ရင်း နောက်ဆုံးမှာ "ကျန်းယိချန်"နဲ့ သဘောတူညီမှုတစ်ခုလုပ်ဖိုအခွင့်အရေးကို "လုလီ" ဖမ်းဆုပ်နိုင်ခဲ့ပါတယ်။ သူတိုနှစ်‌ယောက် ဟန်ဆောင်လက်ထပ်ပြီး "စာချုပ်ချစ်သူ"အဖြစ် တစ်နှစ်အတူတူနေဖိုဖြစ်လာတဲ့အခါမှာ‌‌တော့..... အချစ်‌ပရိုဂရမ်‌လေးတစ်ခုကို ဖန်တီးပုံဖော်နိုင်ကြပါ့မလား၊ ပရိုဂရမ်လေးမှာ အနှောင့်အယှက်‌တွေ‌ရှိလာရင် အဆင်‌ပြေချောမွေ့အောင် ပြန်လည်ပြုပြင်နိုင်ပါ့မလားဆိုတာကို SoulKingdomက‌နေ ကောင်းမွန်တဲ့ဘာသာပြန်ဆိုမှု‌တွေနဲ့အတူ အခမဲ့တင်ဆက်ပေးတော့မဲ့ "Cute Programmer (အချစ်ပရိုဂရမ်)"ဆိုတဲ့ဇာတ်လမ်းတွဲ‌လေးမှာ လိုက်ပါစီးမျောပေးဖိုမ‌မေ့နဲ့နော် 😙 ခေါင်းဆောင်မင်းသား/မင်းသမီးအဖြစ် အားလုံးရင်းနှီးပြီးသား "Xing Zhao Lin" နဲ့ "Bambi Zhu"တိုသာမက ဇာတ်ပိုသရုပ်ဆောင်များလည်း ပါဝင်ထားပါတယ်။