Movie Name
DOCTOR (2021)
Year
2021
Generes
Action, Crime
Code
IND0196
Type
Movie
Size
1.47 GB
Country
Bollywood
Description
တကယ်လည်း ကြမ်း၊ သည်းထိပ်ရင်ဖိုစရာလည်း ​ကောင်း၊ ရုံတင်တုန်းကလဲ အတော်လေးရေပန်းစား ပေါက်ခဲ့ပြီး ရုံတင်ရက်၂၅ရက်အကြာမှာ အိန္ဒိယရူပီ ၁၀၀Crsထိ ရထားတဲ့ နာနီရဲ့ ဒီရုပ်ရှင်ကားကတော့ ရုပ်တည်ကြီးနဲ့ တကယ်ခွီရတဲ့ ​Tamil Action – Comedy ကားသစ်တစ်ကားကို တင်ဆက်​ပေးလိုက်ပါတယ် MDb rating 8.5ရ​တာနဲ့တန်​အောင် တကယ်ကြည့်​ပျော်ပြီး ဇာတ်အစအဆုံး အချိန်၂နာရီခွဲကုန်မှန်းမသိ ကုန်​စေမယ့်ကားလို့ ညွှန်းဆိုပါ​ရ​စေ အညွှန်း ******** စစ်တပ်ဆရာဝန်တစ်​ဦးဖြစ်တဲ့ ဗာရွန်ဟာ ဘုကလန့်လည်းကျ၊ စကားကို တည့်တိုးပဲ​ပြောတတ်ပြီး စိတ်ပိုင်းဆိုင်ရာထက် လက်​တွေ့ပိုင်းကို ပိုဦးစား​ပေးလို့ Emotional Dead manရယ်လို့ အမည်​​ပေးခံရသူရယ်ပါ ဒီလူဂွစာကြီးဟာ လူတကာကိုဘု​တော​ပေမဲ့ ဇနီး​လောင်းကို​တော့ သည်းသည်းလှုပ် ချစ်ရှာပါတယ်၊ သူချစ်ရတာနဲ့ တန်​အောင်ကို သူ့ရဲ့ဇတ်ဇတ်ကြဲဇနီး​လောင်း​လေး ပတ်မီနီကလည်း တင်​တောင်းတဲ့​​ နေ့မှာတင် ငြင်းလွှတ်လိုက်ပါတယ် ဗာရွန်ခမျာ ရည်းစားငြင်းခံရလို့မှ မပြီး​သေးခင် ခယ်မလောင်းလျာ ပြန်​ပေးဆွဲခံရတဲ့ကိစ္စကြောင့် မ​တော်လိုက်ရတဲ့ ဇနီးသည်မိသားစုနဲ့ အတူ ပြန်​ပေးဆွဲသူ​တွေကို လိုက်လံရှာ​ဖွေရင်း လူကုန်ကူးနဲ့ ကိုယ်အင်္ဂါရောင်းဝယ်​ရေး ကွန်ယက်ကြီးထဲ ပတ်သတ်မိသွားတဲ့အခါ ဘုကလန့်ဗာရွန်နဲ့ ဇတ်ဇတ်ကြဲ ပတ်မီနီတို့နှစ်​ယောက် ဘယ်လို အလွဲ​တွေဖြစ်ကြမလဲ၊ ညီမဖြစ်သူကို​ရော ပြန်ရှာ​တွေ့ပါမလား၊ သူတို့ရင်ဆိုင်​နေရတဲ့ ဂိုဏ်း​တွေက ဘယ်​လောက်​တောင်များလဲ ဆိုတာကို အတည်​ပေါက်နဲ့ ရယ်လည်းရယ်ရ၊ စိတ်လှုပ်ရှားဖို့လည်း ကောင်း​အောင် ရိုက်ကူးတင်ဆက်​ပေးထားတဲ့ Tamilကား​ကောင်း တစ်ကားပဲဖြစ်ပါတယ်