-
Movie Name
-
Nine Days (2020)
-
Year
-
2020
-
Generes
-
Drama, Fantasy
-
Code
-
EN0667
-
Type
-
Movie
-
Size
-
1.04 GB
-
Country
-
Hollywood
-
Description
-
IMDb Rating- 7.3/10 Rotten Tomatoes- 88%
*******************************
ဇာတ်လမ်းအကျဉ်းက ကမ္ဘာကြီးရဲ့အဝေးတစ်နေရာမှ
ာ လူတွေရဲ့ နေ့တစ်ဓူဝလှုပ်ရှားသွားလာမှုတွေကို စောင့်ကြည့်နေတဲ့နေရာရှိတယ်
အဲ့နေရာကိုတော့ သာမန်လူမလာနိုင်ဘူးသေပြီး
အသက်မရှိတော့တဲ့ ဝိဉာဉ်တွေပဲ လာနိုင်တာ
အဲ့နေရာမှာ နေကြတဲ့သူတွေကလည်း တီဗီအများကြီးကနေ တစ်ဆင့်
VHSခွေတွေထိုးပြီး သူတို့ အသီးသီးရွေးချယ်ထားတဲ့ လူတွေရဲ့
လှုပ်ရှားသွားလားမှူကို တိုက်ရိုက်ကြည့်နေရတယ်
ပြီးတော့ သေပြီးသား ဝိဉာဉ်တွေကိုလည်း လူပြန်ဝင်စားဖို့
ထိုက်တန်မတန် အကဲဖြတ်ရတာပေါ့
ဝီလ်ဆိုတဲ့ ယောက်ျားတစ်ယောက်ကလည်း
အဲ့လို စောင့်ကြည့် အကဲဖြတ်ရတဲ့လူတွေထဲကတစ်ယောက်ပေါ့။
တစ်ရက်မှာတော့ ဝီလ်စောင့်ကြည့်နေတဲ့ လူတွေထဲက
အမန်ဒါဆိုတဲ့ကောင်မလေးတစ်ယောက်က တယောထိုးဖို့အသွားလမ်းမှာ
ယာဉ်တိုက်မှုဖြစ်ပြီး ဆုံးသွားတယ်။ တကယ်တော့ အမန်ဒါက ဝီလ်ရွေးဖူးသမျှထဲမှာ
သူအကြိုက်ဆုံး။သူဆုံးသွားတော့ ဝီလ်လည်းတော်တော်ဝမ်းနည်းသွားသလို
သူ့ဘဝကို ပြနေတဲ့ တီဗီတစ်လုံးက နေရာလွတ်သွားတယ်။ သူ့နေရာမှာအစားထိုးဖို့အတွက်
နောက်နေ့မှာ လောလောလတ်လတ်ဆုံးထားတဲ့ လူတွေ ရောက်တယ်။
အဲ့လူတွေထဲက အရည်အချင်းပြည့်မီလို့ ဝီလ်ရွေးလိုက်တဲ့ တစ်ယောက်ကပဲ
တီဗီအလွတ်မှာ နေရာရမှာ။ အချိန်ကတော့ ကိုးရက်ပဲရပါတယ်။
ကိုးရက်အတွင်း ဝီလ်က မေးချင်တာမေးမယ် assignment တွေပေးမယ်။
ဒီငါးယောက်ထဲက ဘယ်သူက အသက်ပြန်ရှင်နိုင်ခွင့်ဆိုတဲ့ လူပြန်ဝင်စားနိုင်တဲ့အခွင့်အရေးကို ရသွားမလဲဆိုတာကတော့……
ဒီဇာတ်ကားက Existentialနဲ့ ပတ်သက်ပြီး တော်တော်လေး မေးခွန်းထုတ်စေမယ့်ဇာတ်ကားမျိုးပါ
တစ်ချို့ကတော့ purgatorial vibeရတယ်လို့ ပြောပါတယ်
Nine Days ဇာတ်ကားက ကျွန်တော်တို့ကို “ရှင်သန်နေရတာကိုက လက်ဆောင်တစ်ခုပါပဲ”လို့ အသိပေးနေသလိုပါပဲ
ပြိုင်ပွဲကနေ လူတစ်ယောက်Eliminateလုပ်ခံရတိုင်း သူတို့ရဲ့ Best Moment တွေကို ပြန်ပြီး
recreateလုပ်ပေးခြင်းက ဒီကားကို ပိုလှပသွားစေတာပဲ
ဒီဇာတ်ကားကြည့််ပြီးသွားတော့ ကျွန်တော်တွေးမိတယ်
တော်တော်ကောင်းတယ်ပေါ့ ဒီဒါရိုက်တာ(Edson Oda)ရဲ့ကားတွေရှာကြည့်ဦးမှပဲ ဆိုပြီး ရှာလိုက်မှ
ဒီကားက သူ့debutကားဖြစ်နေတယ် ဘယ်သူမဆို တော်တော်အံ့ဩသွားမှာ
sceneအများစုက အိမ်ထဲမှာဟုတ်ပေမယ့် outdoor sceneတွေလည်း တကယ်လှတယ်
ကလိုဝီကျောင်းလိုမျိုး Landscape အသားပေးပုံစံပဲ Castကတော့ အားလုံးသိတဲ့အတိုင်း
Bill Skarsgård(Pennywise,IT)၊ Zazie Beetz(Domino, Deadpool 2)နဲ့Winston Duke(M baku, Black Panther)တို့ပါ
အချိန်၂နာရီကြာပေမယ့် တော်တော်လေးကြည့်ရတာတန်တဲ့ကားလေးပါ
ဘာသာပြန်နဲ့ အညွှန်းကို Stephen ကရေးပေးပြီး Mr.Anderson မှEncodeထားပါတယ်