-
Movie Name
-
Black (2005)
-
Year
-
2005
-
Generes
-
Drama
-
Code
-
00037
-
Type
-
Movie
-
Size
-
891 MB
-
Country
-
Bollywood
-
Description
-
Drama မင်းသားကြီး အမီတာဘဂျမ်း ပါဝင်သရုပ်ဆောင်ထားတဲ့BLACK ကားဟာဆိုရင် ညီမတို့တွေ ဆယ်တန်းတုန်းက သင်ခဲ့ရတဲ့Hellen Keller ရဲ့ ဇာတ်လမ်းကို ပြန်လည်စိတ်ကူးယဉ်ပြီး ရိုက်ကူးထားခြင်းဖြစ်ပါတယ်ဒီဇာတ်လမ်းဟာ 2005 အိန္ဒိယနိုင်ငံ ရုပ်ရှင်လောကမှာ ဒုတိယဝင်ငွေအကောင်းဆုံးကားတစ်ကားအဖြစ် ရပ်တည်ခဲ့ပြီး2006 ရုပ်ရှင်ပွဲတော်မှာလည်း အကောင်းဆုံး အမျိုးသား အမျိုးသမီး ဇာတ်ဆောင်ဆု၊ ဇာတ်ပို့ဆုနဲ့ အကောင်းဆုံးရုပ်ရှင်ဆုတွေကိုလည်း ရရှိခဲ့တယ်နိုင်ငံတကာထိပါ ဆုတွေရပြီး အောင်မြင်မှုတွေရခဲ့တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ ထူးခြားချက်ကတော့ ပုံမှန် Bollywood ကားတွေလို သီချင်းဆိုပြီး ကတဲ့အခန်းတွေ မပါတာပါမက်ဂ်နယ်လီ မိသားစုရဲ့ သမီးအကြီးဆုံးလေး မီရှဲလ်လေး (Rani Mukerj) လူမမယ်အရွယ်လေးမှာအပြင်းအထန်ဖျားနာပြီး အကြားအာရုံဆုံးရှုံးပြီးမျက်စိကွယ်သွားခဲ့ပါတယ်မီရှဲလ်ရဲ့ ဘဝဟာ ဘယ်အရာကိုမှ မမြင်ဖူးမကြားဖူးပဲဘာသံမှမကြားရတဲ့အမှောင်ထုကြီးထဲမှာ အဓိပ္ပါယ်မဲ့ အသက်ရှုင်နေရတဲ့ဘဝ မိဘတွေကလည်း ဒီလို Deaf-Blind ကလေးတစ်ယောက်ကို ဘယ်လိုပြုစုရမယ်ဆိုတာ မသိပဲ မီရှဲလ်ကို ရူးနေတယ်ထင်ပြီးစိတ်ကျန်းမာရေးဆေးရုံကို ပို့ဖို့တောင် ကြံနေကြပါတယ်အဲ့ဒီအချိန်မှာ နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ မီရှဲလ်လေးကိုသင်ပေးဖို့ ဆွံ့အနားမကြားကျောင်းကဆရာတစ်ယောက်ဖြစ်တဲ့ မစ္စတာဆာဟန် ကိုငှါးရမ်းလိုက်ပါတော့တယ်ဘာသံမှမကြားဖူးတော့ စကားဘယ်လိုပြောရမယ်ဆိုတာတောင်မသိပဲအပြုအမူတွေကအရမ်းရိုင်းစိုင်းကြမ်းတမ်းနေတဲ့ မီရှဲလ်ကို အမီတာဘဂျမ်းတစ်ယောက် ဘယ်လိုကြိုးစားပြီး ပြုပြင်မလည်းသာမာန်လူတွေတက်တဲ့ တက္ကသိုလ်ကို တက်ခွင့်ရအောင် မီရှဲလ်ဘယ်လိုကြိုးစားမလည်းအဲ့ဒီ့အချိန်မှာပဲ ဆရာဆာဟန်က အယ်လ်ဇိုင်းမားရောဂါဝင်ပြီး အရာအားလုံးကိုမေ့သွားတဲ့အချိန်မှာ မီရှဲလ်တစ်ယောက် သူ့ဆရာကို ဘယ်လိုကယ်မလည်းဆိုတာဆရာတပည့်နှစ်ယောက်ရဲ့ အောင်မြင်မှုတွေကိုရသပေါင်းစုံနဲ့ကြည့်ရှုရမှာဖြစ်လို့ BLACK ကားလေးကို ညွှန်းပေးလိုက်ပါတယ်နော်