Movie Name
The Beta Test (2021)
Year
2021
Generes
Horror, Thriller
Code
EN0678
Type
Movie
Size
765 MB
Country
Hollywood
Description
IMDb Rating(6.6) / Rotten Tomatoes (94%) ဟောလိဝုဒ်က အေးဂျင့် ​ဂျော်ဒန်ဟာ တစ်နေ့မှာ အမည်မသိသူတစ်​ယောက်နဲ့ ဟိုတယ်တစ်ခုမှာ နှစ်ကိုယ်တူအချိန်ကုန်ဆုံးဖို့ ဖိတ်ကြားတဲ့ စာတစ်စောင်ကိုရရှိခဲ့ပါတယ်။ ​စေ့စပ်ထားသူ ဖြစ်​ပေမယ့် ဒီလိုအရာဆိုရင် စူးစမ်းချင်တဲ့စိတ်တွေက တဖွားဖွားပေါ်လာတဲ့အမျိုးကိုး…။ သူကိုယ်တိုင်ကလည်း ဟောလိဝုဒ်အေးဂျင့်ဆိုတော့ လုပ်စားနေကျ လူလည်ပတ်ကား ကလိမ်ကကျစ်ပဲလေ…တစ်ရက်တစ်ရက် ဘယ်သူ့ကို ဂျင်းထည့်ရမလဲ ဘာတွေရှုပ်ရမလဲပဲ စဉ်းစားနေရင်း တစ်ဘဝလုံးက အလိမ်အညာတွေချည်းနဲ့ပဲ ပြည့်နှက်နေတဲ့လူမျိုးပဲ။ အဲ့ဒီအမျိုးသမီး ဘယ်သူလဲဆိုတာကို သိချင်လွန်းလှတဲ့ ​ဂျော်ဒန်ဟာ အသည်းအသန် မရမကလိုက်စုံစမ်းပါ​တော့တယ်… ဒီလိုနဲ့ပဲ သူ့ရဲ့ ဆန္ဒတွေ ပြည့်ဝသွားမလား၊ သူ့ရဲ့ အလိမ်အညာ ဇာတ်ရှုပ်တွေထဲ ဘယ်လောက်ထိ နစ်မြောသွားမလဲဆိုတာကို ခံစားရမှာဖြစ်ပါတယ်။ The Beta Test ဟာ thriller အမျိုးအစား ဇာတ်ကားဖြစ်တဲ့အတွက် ကြည့်ရှုသူတွေအနေနဲ့လည်း စိတ်ဝင်တစားကြည့်ရမယ့်ကားအမျိုးအစားဖြစ်ပါကြောင်း ညွှန်းဆိုလိုက်ပါရစေ။