Movie Name
Road To Perdition (2002)
Year
2002
Generes
Crime, Drama, Thriller
Code
EN0680
Type
Movie
Size
1.14 GB
Country
Hollywood
Description
Road to Perdition (2002) ================== IMDb Rating – 7.7/10 Directed By Sam Mendes ဟိုးတစ်နှစ်က1917နဲ့ အ‌တော်အောင်မြင်ခဲ့တဲ့၊ 2000ခုနှစ်မှာ American Beautyနဲ့ Best Directorဆုရခဲ့တဲ့၊ လက်ရှိဂျိမ်းစ်ဘွန်း ကားတွေရဲ့ ဒါရိုက်တာဖြစ်တဲ့ ရိုက်သမျှ အကုန်အောင်မြင်ခဲ့တဲ့ Sam Mendesကြီးရဲ့ လက်ရာဟောင်းပါပဲ။ Castတွေနဲ့က Tom Hanks,JuDe Law, လက်ရှိဂျိမ်းစ်ဘွန်းမင်းသား Daniel Craigနဲ့ တစ်ချိန်က မင်းသားကြီး Paul Newmanတို့ပါပဲ။ ဇာတ်ကြောင်းကတော့ 1930၀န်းကျင်က အမေရိကန်ဂန်းစတားတွေ အကြောင်း သူတို့ရဲ့ အရှုပ်တော်ပုံတွေအကြောင်းပါပဲ။ ဖြစ်ရပ်မှန်ကို မြစ်ဖျားခံထားပြီး နာမည်ကျော်ဂန်းစတားကြီး အယ်ကပုန်းနဲ့တောင် နည်းနည်း ချိတ်ဆက်နေတယ်။ Sam Mendesကားကို စီနီမာတိုရပ်ဖီ အတော်လှပါတယ်လို့ ပြောရမှာက မိ‌ကျောင်းမင်းရေခင်းပြသလိုပါပဲ။ အစကနေ အဆုံး ရုပ်ရှင်ဓာတ်ပုံပညာသုံးထားတာ တွေဟာ ပစ်ကြွေချင်စရာကောင်းအောင် လှတယ်။ ဒီရုပ်ရှင်က အဖေနဲ့သားဆက်ဆံရေးကြောင့် သူ့ခေတ်သူ့အခါက တစ်ချို့က Godfatherနဲ့ နှိုင်းခဲ့ကြပါတယ်။ နှိုင်းရလောက်အောင် မဟုတ်ပေမဲ့ သူ့နည်းသူ့ဟန်နဲ့ မှတ်ကျောက်တင် နိုင်ခဲ့တဲ့ ဂန်းရုပ်ရှင်ကားတစ်ကားလို့ဆိုနိုင်တယ်။ ဂန်းကားကောင်းကောင်းတွေ မထွက်တဲ့ ဒီဘက်နှစ်တွေအတွက် အဆာပြေစေနိုင်မယ့် ကားဟောင်းတစ်ကားပါပဲ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung မှဖြစ်ပါတယ်။)