-
Movie Name
-
ကြီးမြတ်သောကုန်သည် (Nai Hoi Tamin) (2017)
-
Year
-
2017
-
Generes
-
Action, Drama, Romance
-
Code
-
ST0400
-
Type
-
Series
-
Size
-
18 GB
-
Country
-
Thai
-
Description
-
ကြီးမြတ်သောကုန်သည်"
မြန်မာစာတန်းထိုး(အစ/အဆုံး)
Cast...
နိုင်းဟွဲ့ခိန်း အဖြစ် Mike Pattardet
ခမ်းကျောက် အဖြစ် Pooklook Fonthip
ဇာတ်လမ်းအကျဉ်း
**************************************
🔺 အချိန်က ၁၉၅၇ ခုနှစ်မတိုင်ခင်ကာလ
🇹🇭 နေရာက ထိုင်းနိုင်ငံ ၊ အီဆန်ဒေသ
အဲဒီကရွာသားတွေဟာ ကျွဲရောင်းဝယ်ရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုကြတယ်။
ကျွဲရောင်းဝယ်ရေးလုပ်ငန်းဖြစ်တာကြောင့် တနယ်တကျေးရပ်ရွာတွေကို ခရီးသွားလာပြီးရောင်းဝယ်ကြရတယ်။ အဲဒီလိုရောင်းဝယ်မှုတွေ သွားရတိုင်း ရွာသားတွေကိုဦးဆောင်ခေါ်ဆောင်သွားရသူတစ်ဦးရှိတယ်။ သူ့ကိုရွာသားတွေက ဖြောင့်မတ်မှန်ကန်ပြီး မှော်ပညာအစွမ်းလည်းတတ်မြောက်ထက်မြတ်တယ်လို့ယုံကြည်လက်ခံပြီး သူတို့ရဲ့ခေါင်းဆောင်တစ်ဦးအဖြစ်သတ်မှတ်ထားကြတယ်။ ❤ သူ့နံမည်က နိုင်းဟွဲ့ခိန်း။❤
နိုင်းဟွဲ့ခိန်းဟာ ကျွဲရောင်းဝယ်ရေးသွားတဲ့အခါ လမ်းခရီးမှာဖြစ်တတ်တဲ့အခက်အခဲတွေ၊ ကြမ်းတမ်းမှုတွေကို ရှေ့ကနေဦးဆောင်ဖြေရှင်းပေးတတ်တယ်။ တချို့နေရာတွေမှာ ထူးခြားတဲ့ဖြစ်စဉ်တွေတိုက်ခိုက်မှုတွေကိုကြုံရတိုင်း သူ့ရဲ့မှော်အစွမ်းကိုအသုံးပြုတိုက်ခိုက်ဖြေရှင်းရလေ့ရှိတယ်။ သူတို့ရဲ့ ကျွဲရောင်းဝယ်ရေးလုပ်ငန်းခရီးမှာ ထူးခြားမှုတစ်ခုရှိတယ်။ အဲဒါက အမျိုးသမီးတွေလိုက်ပါခွင့်မရှိတဲ့ဓလေ့ထုံးတမ်းစဉ်လာရှိတယ်။
🛐 ဘာ့ကြောင့် အမျိုးသမီးတွေဟာ ကျွဲရောင်းဝယ်ရေးခရီးမှာလိုက်ပါခွင့်မရကြတာလဲ
🛐 ဒီဓလေ့ထုံးတမ်းစဉ်လာက ဘာ့ကြောင့်သတ်မှတ်ထားရတာပါလဲ
🛐 ဒီလိုလိုက်ပါခွင့်မရတဲ့ခရီးစဉ်မှာ တကြိမ်မှာတော့ မိန်းကလေးတစ်ဦးဟာ တိတ်တဆိတ်နဲ့ဘယ်လိုပါလာခဲ့ရတာပါလဲ။
🛐 အဲဒီမိန်းကလေးဟာလည်း တခြားသူမဟုတ်ပဲ ခေါင်းဆောင်ဖြစ်တဲ့ နိုင်းဟွဲ့ခိန်းရဲ့ ခယ်မဖြစ်နေရတာပါလဲ။
❤ ခမ်းကျောက်လို့ အမည်ရတဲ့ နိုင်းဟွဲ့ခိန်းရဲ့ ခယ်မနဲ့ နိုင်းဟွဲ့ခိန်းတို့ရဲ့ ပတ်သတ်မှုကရော ဒီခရီးစဉ်မှာ ဘယ်လောက်အထိ နယ်ကျွံခဲ့ကြပါလဲ
❤ အဆုံးသတ်မှာတော့ အမျိုးသမီးတွေလိုက်ခွင့်မရှိတဲ့ ဒီကျွဲရောင်းဝယ်ရေးခရီးစဉ်မှာ တစ်ဦးတည်းပါလာတဲ့ ခေါင်းဆောင်နဲ့ပတ်သတ်တဲ့ အမျိုးသမီးကြောင့် ခရီးစဉ်မှာ ဘယ်လိုအခက်အခဲတွေ နှောင့်ယှက်တိုက်ခိုက်မှုတွေ ကြုံတွေ့ပြီး အဆုံးသတ်ရမလဲဆိုတာကို ....
❇✳" ကြီးမြတ်သော ကုန်သည် "❇✳
ဇာတ်လမ်းတွဲမှာ ရင်ထိတ်စရာအခင်းအကျင်းတွေကို အခုဘဲ ကြည့်လိုက်ရအောင် 🙆
( ဇာတ်လမ်းအကျဉ်း ကို Thinn Thinn Oo & Yu Thandar & Ko Nyi ) တို့မှ ရေးသားပေးထားပါတယ်