-
Movie Name
-
Nobody Knows
-
Year
-
2020
-
Generes
-
Crime, Drama, Thriller
-
Code
-
SKR0526
-
Type
-
Series
-
Size
-
17.6 GB
-
Country
-
Korea
-
Description
-
မတ်လ (၂)ရက် ၂၀၂၀ မှာ ထုတ်လွှင့်ခဲ့တဲ့ မှုခင်းစုံထောက် ဇာတ်လမ်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ ဒရာမာပေါင်းများစွာမှာ အောင်မြင်ပြီးသားအပြင် Sky Castle (2018) မှာ ပါဝင်ခဲ့ပြီး (၂)နှစ်အကြာ ယခုဇာတ်လမ်းတွဲ Nobody Knows မှာ ပြန်လည်မြင်တွေ ့ရမယ့် မင်းသမီး Kim Seo-hyung နဲ့ Faith, Ms.Hummurabi အစရှိတဲ့ ဇာတ်လမ်းတွဲတွေထဲက မင်းသား Ryu Deik-hwan နဲ့ Memories of the Alhambra ထဲမှာ အသေနိုင်ပဲ Hyun Bin လေးလိုက်သတ်နေတဲ့ ဂိမ်းဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Park Hoon နဲ့ မင်းသားငယ်လေး Ahn Ji-ho တို့ ပါဝင်ထားပြီး ဒီမင်းသား AhnJi-ho လေးအတွက် သူရဲ့ပထမဆုံး ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ အပိုင်းအရေအတွက် (၃၂)ပိုင်း ပါဝင်မှာဖြစ်သလို SBS ရုပ်သံကနေ အပတ်စဉ် တနင်္လာနေ့ နှင့် အင်္ဂါနေ့များ ထုတ်လွှင့်ပြသလျက်ရှိတဲ့ Ongoing စီးရီးပဲဖြစ်ပါတယ်။
ဇာတ်လမ်းကြောင်းပြောရရင် -
အမျိူးသမီးစုံထောက်ဖြစ်တဲ့ ့Young Jin က လွန်ခဲ့တဲ့ ၁၉နှစ်တုန်းက သူ့မရဲ့ သူငယ်ချင်းကို သတ်ခဲ့တဲ့ အစဉ်လိုက်လူသတ်သမားကို ဖမ်းမိဖို့ အာရုံရှိတယ်။ သူ့မသူငယ်ချင်းအသတ်ခံလိုက်ရတဲ့ကိစ္စမှာ သူမအပြစ်ရှိသလိုခံစားနေခဲ့ရသလို ဘ၀တစ်လျောက်လုံး စိတ်ဒဏ်ရာတွေဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ သူငယ်ချင်းလည်း မထား တစ်ယောက်တည်း နေထိုင်ခဲ့ရင်းကပဲ Eun Ho ဆိုကောင်လေးတစ်ယောက် သူမရဲ့တိုက်ခန်းအပေါ်ထပ်ရောက်ရှိလာချိန်မှာတော့ အရာရာဟာပြောင်းလဲသွားခဲ့တယ်။ ကောင်လေးနဲ့ ဆက်ဆံရေး အဆင်ပြေလာခဲ့တယ်။ တစ်ရက်မှာတော့ Eun Ho က အမှတ်တမဲ့ တံခါးတစ်ချပ်ကို ဖွင့်လိုက်မိတဲ့အခါမှာတော့ Eun Ho ဟာ မူမှမှန်တာတွေဖြစ်လာတယ်။
Eun Ho ဘာမြင်လိုက်တာလဲ? တံခါးနောက်ကွယ်မှာရော ဘာတွေရှိနေတာလဲ? Young Jin အဆက်စပ်ရှိနေတာလား ဒါမှမဟုတ် ဖော်ထုတ်နိုင်မှာလား? Young Jin ကရော လွန်ခဲ့တဲ့ ၁၉နှစ်က အမှုကို အဆုံးသတ်နိုင်မှာလား?အစရှိတဲ့ မေးခွန်းများစွာနဲ့ စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်လမ်းလေးဖြစ်ပါကြောင်းနဲ့ Rating က MyDramaList မှာတော့ 8.8/10 ရရှိထားပါတယ်။