Movie Name
Killing Eve (S1 To S4)
Year
2018
Generes
Action, Thriller
Code
SE0141
Type
Series
Size
14 GB
Country
Hollywood
Description
IMDb Rating (8.2) Rotten Tomatoes (89%) ဒီစီးရီးက ဗြိတိန် Spy Thriller အမျိုးအစားဖြစ်ပြီး Free Guy ထဲက မင်းသမီး Jodie Comer ရဲ့ နာမည်ကျော်စီးရီးဖြစ်ပါတယ်။ BBC ရုပ်သံလိုင်းက ပြသခဲ့တာဖြစ်ပြီး Season 3 ထိ ထွက်ရှိထားပါတယ်။ British Academy Television Awards ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ဒီစီးရီးနဲ့ မင်းသမီး Jodie Comer ကရရှိခဲ့တာဖြစ်ပြီး တခြားဆုတွေလဲ ဆွတ်ခူးထားခဲ့တဲ့ စီးရီးဖြစ်ပါတယ်။ ဒီထဲက MI6 အေးဂျင့်နေရာသရုပ်ဆောင်တဲ့ ကနေဒီယန်အမေရိကန်မင်းသမီး Sandra Oh ကို မသိခဲ့ရင်တောင် ဒီစီးရီးနဲ့ သူ့ပရိတ်သတ်ဖြစ်သွားနိုင်ပါတယ်။အဓိကဇာတ်ဆောင်အမျိုးသမီးနှစ်ယောက်လုံး သိပ်ကောင်းခဲ့တဲ့ စီးရီးဖြစ်ပါတယ်..မြည်းစမ်းကြည့်စေချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… ဓားတစ်လက် ဆံထိုးတစ်ချောင်းနဲ့ အနုပညာဆန်ဆန် ရှင်သန်ခြင်းတွေကို နှုတ်ယူနိုင်တဲ့သူက နုနုနယ်နယ် ငယ်ငယ်လှလှ အမျိုးသမီးလေးတစ်ယောက်… သူမရဲ့သွေးအေးတဲ့မျက်ဝန်းတွေအောက်မှာ အသက်မဲ့သွားရတဲ့ အလောင်းတွေ ခဲတောင့်ပူပူတွေကြား သွေးတွေနဲ့အသက်ရှုကြပ် သေမင်းကို မျက်နှာချင်းဆိုင်တွေ့သွားရတဲ့သူတွေကြားထဲမှာ သူမရဲ့နှလုံးသားကတော့ ကျောက်စိုင်တွေလိုပဲပေါ့… စွာစွာလန် ဇတ်ဇတ်ကြဲ အာရှသူတစ်ယောက်က ပျင်းစရာ ရုံးလုပ်ငန်းတွေကြား မွန်းကျပ်နေတဲ့ဘဝကို တစ်ဆစ်ချိုးပြောင်းလဲလိုက်မိတဲ့ အရာက သူမသိပ်စိတ်ဝင်စားတဲ့ လူသတ်သမလေးပါ တိမ်မြုပ်နေတဲ့ သူမရဲ့ အရည်အသွေးတွေက လျှို့ဝှက်အဖွဲ့အစည်းတစ်ခုနောက်ကို လိုက်ဖို့ဖြစ်လာတဲ့အခါမှာတော့… စိတ္တဇလူသတ်သမလေးနဲ့ လျှို့ဝှက်အေးဂျင့်နေရာကို မထင်မှတ်ဘဲရောက်ရှိလာတဲ့အေးဂျင့်ဘွားတော်တို့ သူနိုင်ကိုယ်နိုင်အပြိုင်ကြဲကြမယ့်ပွဲမှာ ဘယ်သူတွေက နောက်ကွယ်ကနေ ကြိုးကိုင်ချယ်လှယ်နေကြလဲဆိုတာ…။ အမျိုးသမီးအသားပေး ဇာတ်လမ်းဇာတ်ကွက်ထူးထူးဆန်းဆန်းလေးနဲ့ သရုပ်ဆောင်တွေက အမိုက်စားမို့ လုံးဝလက်မလွတ်သင့်ကြောင်း ညွှန်းဆိုပါရစေ။