Movie Name
BTS In The SOOP (2021) (S1,S2)
Year
2021
Generes
Documentary
Code
SKR0529
Type
Series
Size
11 GB
Country
Korea
Description
BTS in the SOOP! Season 1 (2020) BTS In the Soop Season 1 In the Soop season 2 လေး လွှင့်နေတဲ့အချိန်ဆိုတော့ Army တို့ season 1 လေးကို အလွမ်းပြေပြန်ကြည့်ရအောင် တင်ဆက်ပေးလိုက်ပါတယ် Season 1 ကိုတော့ ဂန်ဝန်းဒိုက Lake 192 ဆိုတဲ့နေရာလေးမှာ ရိုက်ကူးခဲ့တာပါတဲ့ စိမ်းစိုနေတဲ့တောင်တန်းရယ်၊ ပြာလဲ့နေတဲ့ရေပြင်လေးရယ်၊ ကျယ်ဝန်းတဲ့မြက်ခင်းပြင်ရယ် ပန်းလေးတွေရယ်နဲ့ ဝန်းရံထားတဲ့ အပန်းဖြေအိမ်လေးမို့ သိပ်ကိုလှပါတယ် အပန်းဖြေအိမ်မှာတော့ BTS တို့တောင်းဆိုထားသမျှ activity လေးတွေကို စီစဉ်ပေးထားပါတယ် Main house အပြင် gamer အတွက် PC room ပါတဲ့ အပေါ်ဘက်အိမ်ဆောင်လေး (upper house) ပါ ပါဝင်ပါတယ် ဒါ့အပြင် မြစ်ကမ်းနံဘေးမှာ ငါးမျှားရင်း အပန်းဖြေနိုင်အောင် ရေပေါ်အိမ်လေးရယ်၊ စခန်းထွက်တဲ့ vibe မျိုးလေးရအောင် အိပ်ခန်းပါဝင်တဲ့ ကမ့်ပင်ဗင်ကားလေးရယ်ပါ စီစဉ်ပေးထားပါတယ် BTS နဲ့အတူ အပန်းဖြေရင်း ဘ၀အမောတွေပြေပျောက်နိုင်ကြပါစေ File Size – 800MB Quality – 720p Subtitle – Myanmar (Hardsub) Duration – 1h 15min Episodes – 8 Translaotr – CM Variety Team Encoder – August CM ကတင်ဆက်ပေးခဲ့တဲ့ Sea Of Hopeလို Healing ဖြစ်မယ့် အစီအစဉ်မျိုးလေးတွေကို စောင့်မျှော်နေကြမလားဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ အခုတင်ဆက်ပေးမှာကတော့ BTS In The Soop Season2 ပဲ ဖြစ်ပါတယ်။ ခေတ်မီတိုက်တာအဆောက်အဦးကြီးတွေနဲ့ ရောင်စုံမီးတွေထွန်းလင်းနေတဲ့ မြို့ပြကြီး‌တွေမှာ နေတာကြာလာရင် ငြီးငွေ့လာတတ်ကြတာ သဘာဝပါပဲ။ ယနေ့ခေတ်မှာဆိုရင် မြို့ပြရဲ့အဝေး တောတွေထဲကို လွတ်လွတ်လပ်လပ်နဲ့ စခန်းချအပန်းဖြေခရီးထွက်ကြတဲ့ လူတွေ ပိုပိုများလာပါပြီ။ ဒါကြောင့် အလုပ်ချိန်တွေမအားမလပ်ဖြစ်နေတဲ့ BTS အတွက် အပန်းဖြေအနားယူနိုင်ဖို့ HYBEက ဒုတိယအကြိမ်မြောက် In The Soop ကို ဖန်တီးပေးလိုက်ပါတယ်။ ဒီSeasonမှာတော့ အရင်နှစ်ကနဲ့မတူတဲ့ အပြင်အဆင်တွေ၊တောနက်ကြီးထဲသီးသန့်တည်ဆောက်‌ပေးထားတဲ့ အိမ်ကြီးတွေနဲ့တင် တကယ့်ကိုအံ့အားသင့်ဖွယ်ပါပဲ။ HYBEကနေပြီး စပါယ်ရှယ် ပြင်ဆင်ပေးထားတဲ့ တောနက်ထဲက ‌အိမ်ခြံဝန်းကြီးထဲမှာ အပန်းဖြေအနားယူရင်း ၄ရက်တာအချိန်ကို ပျော်ရွှင်စွာဖြတ်သန်းကြမယ့် BTSနဲ့အတူ CMပရိတ်သတ်ကြီး နဲ့ ARMYတို့လည်း အိမ်မှာနေရင်း တောနက်ကြီးထဲ ၄ရက်တာ အပန်းဖြေခရီးလေး ထွက်လိုက်ကြရအောင် အညွှန်းကိုတော့ Milkeux က ရေးထားပေးတာ ဖြစ်ပြီးတော့ ဘာသာပြန်တာကတော့ CM Variety Team မှ ဖြစ်ပါတယ်။