Movie Name
Passing (2021)
Year
2021
Generes
Drama
Code
EN0689
Type
Movie
Size
942 MB
Country
Hollywood
Description
Passing(2021) ဒီရုပ်ရှင်ဟာ အဖြူအမည်းရုပ်ရှင်တွေရဲ့ခေတ်မှာ နေရာယူထားပြီး အဲ့ခေတ်ရုပ်ရှင်တွေရဲ့စတိုင်ရိုက်ထားတာမို့ အဖြူအမည်းကာလာနဲ့ Snyder cut လို 4:3 ဘောင်နဲ့ဖြစ်နေမှာပါ။ မင်းသမီးကိုတော့ Thor 3ထဲက ဗယ်ကရီအဖြစ် ရင်းနီးကြမှာပ နယူးယောက်မြို့က လူမည်းအမျိုးသမီးတစ်ယောက်ဖြစ်တဲ့ အိုင်ရင်းဟာ သူ့သားအတွက် မွေးနေ့လက်ဆောင်ရှာဝယ်ဖို့ လူဖြူတွေနေတဲ့အရပ်ကိုလာရာကနေ လူဖြူဟန်ဆောင်နေရင်း လူဖြူမိသားစုရနေတဲ့ ငယ်သူငယ်ချင်းဖြစ်သူနဲ့တွေ့လိုက်ရပါတော့တယ်။ လျှို့ဝှက်ချက်ကြီးတစ်ခုနဲ့ ကလဲရ်ဟာ အိုင်ရင်းရဲ့ဘဝထဲကို ရောက်လာတဲ့အခါ အရာရာရှုပ်ထွေးလာပါတော့တယ်။ 1920ပိုင်း နယူးယောက်မြို့က လူမည်းတွေရဲ့ လူနေမှုပုံစံတွေ အခက်အခဲတွေကို အဓိကထားတဲ့ဇာတ်လမ်းဖြစ်ပြီး ထူးထူးခြားခြား ရှေးရုပ်ရှင်စတိုင်အတိုင်း ပီပီပြင်ပြင်ပုံဖော်ပြထားတာမို့ သရုပ်ဆောင်အသားပေးဇာတ်လမ်းနှစ်သက်ရင် တစ်ချိန်က အဖြူအမည်းရုပ်ရှင်တစ်ကားရဲ့ အရသာကိုမြည်းစမ်းကြည့်ချင်ရင် လုံးဝလက်လွှတ်မခံဖို့ ပြောလိုက်ပါရစေ