Movie Name
Please Don’t Save Me (2020)
Year
2020
Generes
Drama
Code
CN0153
Type
Movie
Size
866 MB
Country
China
Description
လောကမှာ ကိုယ့်အတွက် အရေးကြီးတဲ့လူကို ဆုံးရှုံးရတဲ့နာကျင်မှု ရှင်သန်ရတာ ခက်ခဲလွန်းတဲ့အခါမှာ ဖြစ်လာတဲ့ စိတ်ဓာတ်ကျမှု လူတွေဟာ အမျိုးမျိုးသောနာကျင်ဝမ်းနည်းမှုတွေကနေ လွတ်မြောက်ချင်လာတဲ့အခါ အရာရာကိုလွှတ်ချလိုက်တဲ့နည်းလမ်းကို ရွေးချယ်တတ်ကြပါတယ် ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တွေကရော တိုက်ခိုက်ပြီးဆက်လက်ရှင်သန်ဖို့ရွေးချယ်မှာလား လွှတ်ချလိုက်မှာလားဆိုတာကို “ငါ့ကို မကယ်ပါနဲ့” ဆိုတဲ့ ဇာတ်ကားလေးမှာကြည့်ရှုလိုက်ပါ ဇာတ်လမ်းအကျဉ်း အဖေဖြစ်သူ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့နောက် စိတ်ဓာတ်ကျနေတဲ့ အမေနဲ့အတူတူ ကျန်ရစ်ခဲ့ရတဲ့ကောင်မလေး ဆွန်းယူ ကျောင်းပြောင်းလာတဲ့ ထူးထူးဆန်းဆန်းကောင်မလေး ဆွန်းယူကို တစ်တန်းလုံးရဲ့ အချစ်တော်လေး ဂျောင်ဂုက စိတ်ဝင်စားနေခဲ့ပါတယ် အဖေဖြစ်သူကြောင့် တင်ထားတဲ့ အကြွေးတွေနဲ့ ဆွန်းယူတို့ သားအမိဟာ ဘဝကို ခက်ခက်ခဲခဲရုန်းကန်နေရပြီး နောက်ဆုံးမှာတော့ ကျွန်မကို မကယ်ပါနဲ့ဆိုတဲ့ စာလေးထားရစ်ပြီး နေအိမ်မှ သားအမိနှစ်ယောက်အတူတူထွက်သွားကြပါတယ် ဒီအကြောင်းတွေကို ဂျောင်ဂုသိသွားတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုကြပါနော် ။