Movie Name
Love Strikes Twice (2021)
Year
2021
Generes
Comedy, Romance
Code
EN0695
Type
Movie
Size
861 MB
Country
Hollywood
Description
Love Strike Twice (2021) ဒီကား​လေးက​တော့ ၂၀၂၁ထွက်အချစ်ကား​လေးဖြစ်ပါတယ် ဥပ​ဒေ​ရေးရာ​တွေလည်းပါပါတယ် ကိုယ့်ဘဝမှာကိုယ့်​ရွေးခဲ့တဲ့လက်တွဲ​ဖော်ကို​နောင်တရဘူးကြပါတယ် ဒီလိုပဲ ဒီကား​လေးဟာလည်းမက်ဂီဆိုတဲ့​​ရှေ့​နေကောင်မ​လေးက ​ဂျော့ရှ်ဆိုတဲ့သူနဲ့လက်ထပ်ထားတာ၁၅နှစ်ရှိပါပြီ ဒါ​ပေမဲ့ သူတို့အိမ်​ထောင်​ရေးဟာ​​ပျော်စရာမ​ကောင်းခဲ့ပါဘူး သူကလည်း​ရှေ့​နေတစ်​ယောက်ဆို​တော့အလုပ်ရှုပ် ​ယောကျ်ားကလည်းတက္ကသိုလ်ဆရာဆို​တော့သူတို့တစ်​ယောက်နဲ့တစ်​ယောက်အလုပ်များ​​နေကြလို့အိမ်​ထောင်​ရေးကိုဦးစားမ​ပေးနိုင်ကြပါဘူး တစ်​နေ့ မက်ဂီမိဘ​တွေရဲ့၄၅နှစ်ပြည့်မဂ်လာနှစ်ပတ်လည်​နေ့ကို သူတို့နှစ်​ယောက်သွားခဲ့ကြပါတယ် အဲဒီမှာပဲမက်ဂီက​ ဂျော့ရှ်နဲ့အလုပ်ကိစ္စ​ကြောင့်စကားများကြရင်း အက်ဂီတစ်​ယောက်လမ်း​လျှောက်ထွက်လာခဲ့ပါတယ် ဆု​တောင်းတဲ့​ရေပန်းနား​ရောက်​တော့ ငါ့ဘဝကိုပြန်​ရွေးချယ်ခွင့်ရှိချင်လိုက်တာဆိုပြီးဆု​တောင်းခဲ့ပါတယ် ဆု​တောင်းပြီး​နောက်တစ်​နေ့ သူအသက်၁၅နှစ်​​လောက်ပိုငယ်သွားခဲ့ပါတယ် အဲဒီအချိန်မှာ သူ့ကိုသ​ဘောကျ​နေတဲ့​ကောင်​လေးနှစ်​ယောက်ရှိပါတယ် ​ဂျော့ရှ်နဲ့​ရစ်ခ်ပါ အဲဒီအချိန်တုန်းကသူတို့မြို့ကစာကြည့်တိုက်​ဟောင်းကိုမဖြိုဖျက်​ရေးလုပ်​နေကြတဲ့အချိန်ဖြစ်ပါတယ် မက်ဂီက စာကြည့်တိုက်​ဟောင်းကိုမဖြိုဖျက်​ရေးအတွက်​ရှေ့​​နေလိုက်​ပေးခဲ့ပါတယ် ဒီလိုနဲ့ မက်ဂီတစ်​ယောက် အဲဒီအမှုကိုနိုင်သွားမှာလား သူ့ဘဝလက်တွဲ​ဖော်က​ရောပြန်​ရွေးချယ်ခွင့်ရတဲ့အတွက် ရစ်ခ်ကို​ရွေးမလား ​ဂျော့ရှ်ကိုပဲပြန်​ရွေးမလားဆိုတာ…..ဇာတ်ကား​လေးကိုဆက်လက်ရှုစားလိုက်ကြပါ