Movie Name
Sweet River (2020)
Year
2020
Generes
Horror, Thriller
Code
EN0697
Type
Movie
Size
1 GB
Country
Hollywood
Description
Sweet River (2020) ============== ချစ်မြတ်နိုးရ၊ တန်ဖိုးထားရတဲ့ တစ်စုံတစ်​ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ သူအဖို့ “​ပျောက်​သောသူ ကြာရင်​မေ့” ဆိုတဲ့ အဖြစ်မျိုးလည်း ရှိနိုင်သလို ဘယ်​သောအခါမှ ကုစားမရတဲ့ ​နောင်တအဖြစ် အမြစ်တွယ်သွားတာလည်း ရှိတတ်တယ် မဟုတ်လား၊ တချို့ ​ပူ​ဆွေးမှု​တွေဆိုရင် ကိုယ်တိုင် ​မေ့​ဖျောက်ချင်စိတ်မရှိဘဲ တမ်းတမ်းတတ ဖြစ်​နေတတ်တာမျိုး​​မှတ်လား။ ဒီရုပ်ရှင်ရဲ့ Genre ဟာ Horror , mysteryပါ၊ ဒါ​ပေမဲ့ အဓိကဇာတ်​ဆောင်၂​ယောက်ရဲ့ ဇာတ်​ကောင်အ​ပေါ် စီး​မြောမှု၊ သရုပ်​ဆောင်မှု​တွေ​အောက်မှာ ဒီဇာတ်ကားဟာ Dramaပိုင်းကို မသိမသာ ပိုကဲသွားပါတယ်၊ သို့​ပေမဲ့လည်း ရုပ်ရှင်ရဲ့ အဓိက theme ဖြစ်တဲ့ ​ပ​ဟေဠိ ဆန်မှု၊ ​ခြောက်ခြားဖွယ်​ကောင်းမှု​ကိုလည်း လျော့မသွားဘဲ ရိုက်ပြထားနိုင်တာကိုက ဒီကားရဲ့ဆွဲ​ဆောင်မှုရှိတဲ့အချက်ပါ ကွင်းဆက်လူသတ်သမားလက်ထဲမှာ ဖမ်းခံလိုက်ရပြီး ​သေသလား၊ ရှင်သလား​တောင် မသိတဲ့အ​ခြေအ​နေအတွက် မိခင်ဖြစ်သူ Hanna ဟာ ​ချောင်ကျတဲ့ Billinsမြို့​လေးကို ကိုယ်တိုင်စုံစမ်းအ​ဖြေရှာဖို့ တစ်​ကျော့ပြန်​ရောက်လာခဲ့ပါတယ်၊ သားသည်မိခင်​တွေရဲ့ အပူကို ဘယ်အပူမှ မမီနိုင်ဘူး ဆိုသလို သား​​​ဇောနဲ့ မရမကအ​ဖြေရှာဖို့ ကြိုးစား​နေတဲ့ Hannaအတွက် အချိန်ကြာ​လေ၊ သိရှိလာ​လေက​တော့ သူရှာ​နေတဲ့အ​ဖြေဟာ ဒီမြို့​လေးရဲ့ လျှို့ဝှက်ချက်နဲ့ ပတ်သတ်​နေသလို ဒီမြို့ကရှင်သူ​​​တွေရော၊ ​သေဆုံးပြီးသူ​ တွေ​ရောက ဒီလျှို့ဝှက်ချက်ကို မ​ပေါ်​ပေါက်​စေလိုတာ၊ သူ့ကိုဒီမြို့မှာ အလိုမရှိ​တော့မှန်း သိလာတဲ့အခါ…. ဒီ​တောမြို့​လေးရဲ့လျှို့ဝှက်ချက်က ဘာ​​များဖြစ်​နေလို့လဲ၊ ဘာ​​ကြောင့်များ သူတို့​တွေဖုံးကွယ်ထားချင်တာလဲ၊ Hannaအ​ပေါ် ဘယ်လိုသ​ဘာဝလွန်ကိစ္စ​တွေ ဖြစ်လာမလဲ၊ ​ပျောက်ဆုံးသွားတဲ့သားဖြစ်သူနဲ့​ရော ပြန်ဆုံ​တွေ့နိုင်မှာလား စသဖြင့် ​မေးခွန်း​ပေါင်းများစွာနဲ့အတူ သည်းထိပ်ရင်ဖို ဆန်တဲ့Horrorကား​ကောင်းတစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်။