-
Movie Name
-
Mama Fairy And The Woodcutter
-
Year
-
2018
-
Generes
-
Comedy, Fantasy, Romance
-
Code
-
SKR0197
-
Type
-
Series
-
Size
-
7.73 GB
-
Country
-
Korea
-
Description
-
မြန်မာဇာတ်ထုပ်တွေထဲမှာ ဒွေးမယ်နော် ဇာတ်ကိုကြားဖူးကြမှာပါနော် မူလတန်း အလယ်တန်း အရွယ်တွေတုန်းကလည်း မြန်မာစာသင်ရိုးမှာ ပါဖူးပါတယ် နတ်မျိုးနွယ်ငှက်အသွင်နဲ့ ဒွေးမယ်နော်မင်းသမီးလေး အစ်မတော်တွေနဲ့ ရေချိုးဆင်းရင်း ပြည်တော်မပြန်နိုင်လို့ အခက်ကြုံခဲ့ရတဲ့ ဇာတ်လမ်း စိတ်ဝင်စားရင် ပြန်ရှာဖတ်ကြည့်ပါနော် ခုတော့ ကိုရီးယား အသွင်နဲ့လာမယ့် ဇာတ်လမ်းလေးဖြစ်တဲ့ Mama Fairy and the Woodcutter ဆိုတဲ့ နတ်သမီးပုံပြင်လေးရဲ့ အစက ဒီလိုပါ။️ ဂိုလျောခေတ်မှာ Sun Ok-Nam ဆိုတဲ့ နတ်သမီးလေး တစ်ပါးရှိသတဲ့ တစ်နေ့တော့ နတ်သမီးလေးက လူ့ပြည်ကိုဆင်းသက်လာခဲ့ပါတယ် Gyeryong တောင်က ရေတံခွန်မှာ နတ်သမီးလေးရေချိုးနေတုန်းမှာပဲ သစ်ခုတ်သမားက နတ်သမီးအဝတ်အဆင်တန်ဆာတွေကို ခိုးယူဝှက်ထားလိုက်သတဲ့ ဒါကြောင့် နတ်သမီးလေး Sun Ok Nam ဟာနတ်ပြည်ကိုပြန်လို့မရတော့ပါဘူးတဲ့ကွယ် ဒါနဲ့ပဲ နတ်သမီးလေးဟာ သစ်ခုတ်သမားနဲ့ လက်ထပ်ပေါင်းသင်းရင်း သားသမီးရတနာနှစ်ယောက်ထွန်းကားခဲ့ပါတယ် ဒါပေမယ့်လည်း လင်ဖြစ်သူ သစ်ခုတ်သမားဟာ တောင်ကမ်းပါးကပြုတ်ကျပြီး သေဆုံးသွားခဲ့ပြန်ပါရော နောက်တော့ Sun Ok-Nam ဟာသူမရဲ့ နတ်သမီးဝတ်ရုံအဆင်တန်ဆာတွေကို လိုက်လံရှာဖွေနေခဲ့ပေမယ့်လည်း ဆုံးစမြှုပ်စပျောက်နေခဲ့ပါသတဲ့ နတ်သမီးလေးဟာ သူမရဲ့အဆင်တန်ဆာတွေကိုရှာဖွေတွေ့ရှိဖို့အတွက် သေဆုံးသွားတဲ့ ခင်ပွန်းသည် လူပြန်ဝင်စားမယ့်အချိန်ကိုသာ စောင့်မျှော်နေဖို့ ဆုံးဖြတ်လိုက်ပါတယ် နှစ်ပေါင်း ၆၉၉နှစ်အလွန် လက်ရှိခေတ်မှာတော့ Gyeryong တောင်တန်းက ကော်ဖီဘားမှာ ကော်ဖီဖျော်ရင်း လူဝင်စားခင်ပွန်းသည်ကို စောင့်မျှော်နေဆဲပါ… နောက်ဆုံးမှာတော့ သူမရဲ့ကော်ဖီဆိုင်ကို လာတဲ့ အမျိုးသားနှစ်ယောက်ထဲက တစ်ယောက်ကတော့ သူမရဲ့ လူဝင်စားခင်ပွန်းသည်ဖြစ်ရမယ်လို့ ခံစားမိသတဲ့ ဒါပေမယ့်လည်း ကံဆိုးစွာပဲ ဘယ်တစ်ယောက်ကခင်ပွန်းသည် လည်းဆိုတာကိုတော့ သူမကိုယ်တိုင် ” ဝေခွဲမရပါလား” ဆိုပြီးဖြစ်နေပြန်ပါရော ဒါကြောင့်ပဲ ခင်ပွန်းသည်ကို ရှာဖွေဖေါ်ထုတ်ဖို့ရာ သူတို့နှစ်ဦးနဲ့အတူ ဆိုးလ်ကိုလိုက်သွားဖို့အတွက် ထပ်မံဆုံးဖြတ်လိုက်ပါသတဲ့ကွယ်. Sun Ok Nam အဖြစ် Moon Chae Won ၆၉၉ နှစ်ကြာအပြီး အသက်ကြီးပိုင်းအမျိုးသမီးကြီးအရွယ် Sun Ok Nam အဖြစ် Go Doo Shim နတ်သမီးလေး Sun Ok Nam ရဲ့ စွမ်းရည်တွေကတော့ သစ်ပင်တွေနဲ့စကားပြောနိုင်ပါတယ်တဲ့ သူမရဲ့ပုံပန်းသဏ္ဌာန်ကိုလူအများက အဖွားအိုအရွယ် နဲ့သာမြင်ရမှာဖြစ်ပြီး လူနည်းစုသာလျှင် တကယ့်အစစ်အမှန် ငယ်ရွယ်နုပျိုတဲ့အသွင်နဲ့ မြင်ခွင့်ရှိပါတယ်တဲ့ 🤵ဇီဝဗေဒ ပါမောက္ခ Jung Yi Hyun အဖြစ် Yoon Hyun Min 👨🏻💻Lee Won တက္ကသိုလ်ကနေ ဇီဝဗေဒဘာသရပ်အထူးပြုနဲ့ဘွဲ့ရခဲ့သူ ကျောင်းသား Kim Geum အဖြစ် Seo Ji Hoon 🐯Jum Soon Yi အဖြစ် Kang Mi Na Sun Ok Nam ရဲ့ သမီးဖြစ်ပြီး လူသားအသွင်ပြောင်းနိုင်လောက်အောင်ထိ ပြင်းပြင်းထန်ထန် လေ့ကျင့်ထားတဲ့ သမန်းကျားမျိုးနွယ်ဝင် မိန်းကလေးတစ်ယောက်ဖြစ်သလို သူမဟာ စွမ်းအားတွေနဲ့ပတ်သက်တဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေကို လျှို့ဝှက်စွာရေးနေတဲ့ စာရေးဆရာမတစ်ယောက်လည်းဖြစ်ပါသေးတယ်တဲ့ ဒီလို နတ်သမီးပုံပြင်ဇာတ်လမ်းတစ်ပုဒ်ကို လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့အတူ ဘယ်လိုများ ပုံဖေါ်သွားမလဲ ဆိုတာတော့ လာမယ့် နိုဝင်ဘာလ (၅)ရက် နေ့မှ စတင်လို့ tvN ရုပ်သံလိုင်းကနေ အပတ်စဉ် တနင်္လာ အင်္ဂါနေ့တိုင်း ကြည့်ရှုရမှာပါ။ Mama Fairy and the Woodcutterဇာတ်လမ်းတွဲက ၂၀၁၇ တုန်းကထုတ်ခဲ့တဲ့ Dol Bae ရဲ့ နာမည်ကြီး Webtoon ကိုပြန်လည်ရိုက်ကူးမယ့်ဇာတ်လမ်းပါ