-
Movie Name
-
မီးလျှံကြားကဆူးနှင်းဆီ (Kularb Len Fai)(2014)
-
Year
-
2014
-
Generes
-
Drama, Romance
-
Code
-
ST0404
-
Type
-
Series
-
Size
-
18.6 GB
-
Country
-
Thai
-
Description
-
ဒီတစ်ခေါက် Now Tisanart Myanmar Fan နဲ့ CH XI Entertainment World တို့၄ ကြိမ်မြောက်ထပ်မံပူးပေါင်းတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းတွဲကောင်းလေးကတော့ 2014 ခုနှစ်မှာ Rating ကောင်းကောင်းနဲ့ အောင်မြင်ခဲ့တဲ့ "မီးလျှံကြားက ဆူးနှင်းဆီ"(Kularb Len Fai) ဆိုတဲ့ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်❗
🌹Main Cast တွေအနေနဲ့
သရိုင် အဖြစ် Vee Veraparb Suparbpaiboon
အွမ် အဖြစ် Now Tisanart Sornsuek
မင့် အဖြစ် Stephany Auernig
ဒေါင် အဖြစ် Bo Thunyasupan Jirapreechanon
တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်
🌹ဇာတ်လမ်းအကျဉ်း🌹
🌹ဥစ္စာပေါ ရုပ်ချောပြီး အနုပညာလောကထဲကလဲဖြစ်လို့ ချူချင်သူတွေဝိုင်းဝိုင်းလည်နေတဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်၊ ချစ်သူတွေဝိုင်းဝိုင်းလည်တဲ့အပြင် ပွေရှုပ်တတ်သူကြီး သရိုင်....
🌹သူငယ်ချင်းတွေကို အမြဲတမ်းချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးရှိစေချင်သူ၊ သူငယ်ချင်းတွေကိုအမြဲဦးစားပေးတတ်သူ သူငယ်ချင်းတွေအပေါ်အနစ်နာခံချစ်တတ်သူ အွမ်....
🌹အမြဲတမ်း ဖျတ်လက်တက်ကြွပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသူ၊ သူငယ်ချင်းတွေကိုထိပါးလာသူတွေအပေါ် အမြဲလက်တုံ့ပြန်ရန်တွေ့တတ်သူ၊ လိုချင်တာကို မရရအောင်ယူတတ်သူ မင့်....
🌹ပင်ကိုယ်စရိုက်က အနေအေးပြီး အားငယ်ကြောက်ရွံ့တတ်သူ၊ အနေအေးသလောက် သဘောကျမိတဲ့သူအပေါ် အစွဲအလမ်းကြီးပြီ အချစ်ကြီးချစ်တတ်သူ ဒေါင်....
🌹ဒီလို မတူညီတဲ့ စရိုက် ၃မျိုးနဲ့ပေမယ့် ငယ်ငယ်ကတည်းကအရမ်းချစ်ခင်တွယ်တာကြတဲ့ အွမ် ၊ မင့် နဲ့ ဒေါင်တို့ အချစ်ဆုံးသူငယ်ချင်း ၃ယောက်ရဲ့ဘဝထဲကို မိန်းကလေးတွေရဲ့အသည်းကိုညှို့ယူဖမ်းစားတတ်သူ သရိုင် ရောက်လာတဲ့အခါမှာတော့....
‼️အချစ်ဆုံး သူငယ်ချင်း ၃ယောက်ဟာ သရိုင့်ကိုမြင်မြင်ချင်းသဘောကျသွားခဲ့တဲ့အခါ ခင်မင်မှု သံယောဇဉ်တွေဟာ အချစ်ကြောင့်ပြိုကွဲသွားပြီး တစ်ယောက်နဲ့တစ်ယောက်ကြား ဘယ်လိုအားပြိုင်မှုတွေဖြစ်လာမလဲ....⁉️
‼️အချစ်ဆုံးတွေ မုန်းကြတဲ့အခါ ရှိခဲ့ဖူးတဲ့သံယောဇဉ်တွေနဲ့ ဖြစ်တည်လာတဲ့အနိုင်လိုချင်စိတ်တွေကြား ဘယ်အရာကအနိုင်ရသွားမလဲ....?
‼️အလှပဂေး ၃ယောက်ကြားမှာ သရိုင်ရွေးချယ်လိုက်တဲ့သူကဘယ်သူဖြစ်မလဲ....⁉️ ဆိုတာ
‼️စိတ်ဝင်စားဖွယ် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် "မီးလျှံကြားက ဆူးနှင်းဆီ"🌹