-
Movie Name
-
My Dear Brothers (နှောင်ကြိုးလေးရစ်တွယ်မိရာဝယ်)
-
Year
-
2021
-
Generes
-
Fantasy, Historical, Romance
-
Code
-
SC0380
-
Type
-
Series
-
Size
-
10.5 GB
-
Country
-
China
-
Description
-
ဇာတ်လမ်းအညွှန်း
~~~~~~~~
ငယ်ငယ်ကတည်းက တစ်ယောက်အပေါ် တစ်ယောက် မှီခိုပြီး နေခဲ့ကြတဲ့ ရှစ်ရှ တို့မောင်နှမနှစ်ယောက်...
တစ်နေ့မှာတော့ ရှစ်ရှတစ်ယောက် အချိန်ခရီးသွားမိပြီး နတ်လောကတစ်ခုထဲကို ရောက်လာမိတဲ့အခါ...
သူ့နဲ့နာမည် ရှစ်ရှဆိုတာကို ကြားလိုက်တိုင်း လူတကာရဲ့ လိုက်သတ်တာကို ခံနေရတဲ့ ရှစ်ရှတစ်ယောက်၊ ကိုယ့်ကိုယ်ကို နာမည်ကြီး မိစ္ဆာဘုရင် ရှစ်သုံးရဲ့ ညီမဖြစ်နေမှန်း သိလိုက်ရတော့...
အစ်ကိုဖြစ်သူ မိစ္ဆာဘုရင်ရှစ်သုံးကို လိုက်ရှာရင်း ရှစ်သုံးရဲ့ပြိုင်ဘက် တစ်ယောက်ဖြစ်သူ ဟို့ချီနဲ့ ဆုံတွေ့မှုလေးတစ်ခုက ဘာတွေများ ဆက်ဖြစ်လာစေမှာလဲ ??
အစ်ကိုဖြစ်သူ မိစ္ဆာဘုရင်နဲ့ အေးစက်တယ်ထင်ရပေမဲ့ နွေးထွေးတတ်တဲ့ ဟို့ချီတို့ရဲ့ ညီမလေးဖြစ်သူ ရှစ်ရှအပေါ် ဂရုစိုက်မှုတွေကရော ဘယ်အတိုင်းအတာထိ ဆက်သွားမှာလဲ ??
၅၂၈ မေတ္တာမှာပဲ ရပ်တန့်နေမလား ၁၅၀၀ ဆီကိုပဲ ကူးပြောင်းသွားလေမလား ဆိုတာကတော့ မကြာခင်မှာ SoulKingdom ကနေ ဘာသာပြန်အရည်အသွေး အကောင်းမွန်ဆုံး ရုပ်သံကြည်လင် အပြတ်သားဆုံး quality များနဲ့ တင်ဆက်ပြသွားမဲ့ (နှောင်ကြိုးလေး ရစ်တွယ်မိရာဝယ်) ကားလေးမှာ ဆက်စောင့်ကြည့်ပြီး Soulers လေးတို့ပဲ အဖြေရှာပေးကြပါဦးနော် 😉
ဒီကားလေးမှာ cast တွေအဖြစ်
ဟို့ချီအဖြစ် Zhao Ying Bo
ရှစ်သုံးအဖြစ် Dai Yun Fan
ရှစ်ရှအဖြစ် Wu Qian Ying တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်
နောက်ထပ် မိစ္ဆာလောကထဲ ဝင်ချင်ရင်တော့ မင်မင်နဲ့အတူ ဒီကားလေး စောင့်ကြည့်ဖို့ မမေ့ကြနဲ့နော် 😘