Movie Name
နှုတ်ရန်မလိုသောဆူး (Nee Kiattiyot) (2020)
Year
2020
Generes
Drama, Romance
Code
ST0406
Type
Series
Size
9.48 GB
Country
Thai
Description
" နှုတ်ရန်မလိုသောဆူး " (အစ/အဆုံး) မြန်မာစာတန်းထိုး 𝐂𝐚𝐬𝐭𝐬: ယုခွန် အဖြစ် 𝐎𝐚𝐭𝐡 𝐑𝐚𝐭𝐭𝐡𝐞𝐞 တဝမ် အဖြစ် 𝐌𝐞𝐠𝐠𝐢 𝐀𝐩𝐚 𝐁𝐡𝐚𝐯𝐢𝐥𝐚𝐢 ဇာတ်လမ်းအကျဉ်း တ၀မ် နဲ့ ဒိယန်တို့နှစ်ယောက်က ချမ်းသာတဲ့မိသားစုအသိုင်းအဝိုင်းက ညီအမအရင်းတွေဖြစ်ကြပေမဲ့ ညီအမနှစ်ယောက်ရဲ့စရိုက်လေးကတော့ကွဲပြားစွာတည်ရှိနေကြပါတယ်။ အမဖြစ်သူတ၀မ်က ဘွဲ့မရသေးတဲ့ ကြင်နာပြီးနူးညံ့စိတ်ရှိတဲ့ အလုပ်သင်သူနာပြုဆရာမလေး။ ညီမဖြစ်သူ ဒိယန်ကတော့ မိဘကြွယ်၀ချမ်းသာမှုတွေအရှိန်နဲ့မဟုတ်မခံ ဇတ်ဇတ်ကြဲမောက်မာတတ်သူလေးတစ်ယောက်။ ဘ၀အလှည့်အပြောင်းတစ်ခုအဖြစ် တ၀မ့်ဖခင်ဟာ ယံကြည်စိတ်ချရသော မိတ်ဆွေတစ်ယောက်ရဲ့သစ္စာဖောက်မှုကြောင့် စီးပွားရေးထိခိုက်ကာ အကြွေးပတ်ချာလည်တဲ့ဘ၀ရောက်ခဲ့ရပါတယ်။ ဒီဖိအားတွေရဲ့ဒဏ်ကိုမခံနိုင်တဲ့အဆုံးမှာ တ၀မ့်ဖခင်ဟာ သူ့ကိုသူအဆုံးစီရင်ခဲ့ပြီးတ၀မ်တို့ကိုထားခဲ့ပါတယ်။ တ၀မ်တစ်ယောက် မကျန်းမာနေတဲ့မိခင် မဟုတ်မခံမောက်မာတတ်တဲ့ ညီမ ဖခင်ထားခဲ့တဲ့ စီးပွားရေးပြဿနာ နဲ့ အကြွေးတွေကြားထဲ မှာ အကြီးပီပီတာ၀န်ယူပြီးခက်ခဲစွာရုန်းကန်နေရချိန်မှာသူမငယ်ငယ်ကတည်းကခင်ခဲ့ရတဲ့ ယုခွန်ဆိုတဲ့ကောင်လေးတစ်ယောက်ဘ၀ထဲကိုရောက်လာပါတယ်။ 💜 အကိုယုခွန်တစ်ယောက် တ၀မ်အခက်အခဲတွေရှိကာမှ တ၀မ့်ဘ၀ထဲကိုဘာ့ကြောင့်ရုတ်တရက်ရောက်လာရသလဲ 💜 ယုခွန်ကရော တ၀မ့်ကိုဖေးမကူညီနေခြင်းတွေရဲ့ နောက်ကွယ်ကဇာတ်လမ်းတွေကရော ဘယ်လောက်ထိနက်ရှိုင်းနေလဲ အရင်ကတည်းက ချစ်သူရှိနေခဲ့တဲ့ တ၀မ်က သူ့အပေါ် ထားနေတဲ့ အကိုယုခွန်ရဲ့ စိတ်ခံစားမှုတွေနဲ့နောက်ကွယ်ကအကြောင်းတွေအပေါ်သိခဲ့ရင်ရော ဘယ်လိုတုံ့ပြန်မှာတဲ့လဲ မကျန်းမာတဲ့မိခင်၊ ခပ်ဆိုးဆိုးညီမ၊ ချစ်ရတဲ့ချစ်သူ၊ ပဟေဠိတွေနဲ့ချဉ်းကပ်လာသူ အကိုယုခွန်၊ ပြိုလဲနေတဲ့မိသားစုစီးပွားရေး အခက်အခဲအကျပ်အတည်းတွေကြား တ၀မ်တစ်ယောက် ဘယ်လိုရုန်းထွက် ရှင်သန်ပြီး ကြိုးစားဖြေရှင်းမလဲဆိုတာကို နှုတ်ရန်မလိုသောဆူးဇာတ်လမ်းတွဲလေးမှာ အရသာရှိစွာခံစားကြည့်ရှု့လို့ ရပါပြီ🙆