Movie Name
ညို့ချက်ပြင်းသောမာယာ (Maya Rasamee) (2012)
Year
2012
Generes
Drama, Romance
Code
ST0439
Type
Series
Size
7.62 GB
Country
Thai
Description
Main Cast ထိသိရတ် အဖြစ် New Wongsakorn ဒူရမ်ရန်းအဖြစ် Mai Davika Hoorne မင်းသားနဲ့မင်းသမီးအားလုံးရင်းနှီးပီးသားတွေဘဲနော် 15 နှစ်အရွယ်မိန်းကလေး ဒူရမ်ရန်း(Mai Davika)သည် မိထွေး၏ အိမ်တွင်းအနိုင်ကျင့်နှိပ်စက်ခြင်း ခံရသောကြောင့် အိမ်မှထွက်ပြေးရာမှ သူဌေးသား ထိသိရတ်(new) နှင့် ကံအကြောင်းတိုက်ဆိုင်ကာဆုံတွေ့ခွင့်ရခဲ့ပါသည်။ ရန်း(Davika)နှိပ်စက်ခံရသော ဖြစ်ကြောင်းကုန်စင်သိရှိသွားကာ ထိသိရတ်(New)က ရန်း(Davika)ရဲ့ အုပ်ထိန်းသူဖြစ်ရန်ဆုံးဖြတ်ပါတော့တယ်။ သို့ပေမယ့်လဲ USမှာ ပညာသွားသင်ရမှာ ဖြစ်သောကြောင့် ထိသိရတ်(New)က ရန်း(Davika)ကို ထားခဲ့လိုက်ရပါတယ်။ရန်း(Mai Davika)လဲ သူမ၏မနာမကျန်းဖြစ်သောဖခင်နှင့် နှိပ်စက်သောမိထွေးတို့ပြန်ခေါ်သောကြောင့် ပြန်၍အတူတူနေထိုင်လိုက်ပါတယ်။ ခွန်ချိုင်း(New) US မှာ ပညာသွားသင်ပြီးနောက် သူ၏ချစ်သူ ဒုခယ်(Tarn)က သူ့ကို စွန့်ပစ်ပြီးအိမ်ထောင်ပြုသွားသောကြောင့် အမျိုးသမီးကို ယုံကြည်မှု ပျောက်ဆုံးကာ မိန်းကလေးတွေကိုကစားစရာအရှုပ်အဖြစ် ပြုမူနေထိုင်လာပါတော့တယ်။ ထိုင်းနိုင်ငံကို ပြန်ရောက်တဲ့အခါမှာတော့ ရန်း(Mai Davika) နဲ့ ထပ်မံတွေ့ဆုံခဲ့ပေမယ့် ရန်း(Mai Davika)ကို အထင်အမြင်သေးစွာ ဆက်ဆံခဲ့ပါတယ်။ ခွန်ချိုင်း(New)၏ဖခင်နှင့် ရန်း(Mai Davika)၏ဖခင်တို့သည် ခွန်ချိုင်းနှင် မာယာရတ်စမီအမည်ရှိသောသမီးနှင့် သားသမီးချင်း လက်ဆက်ပေးရန် သဘောတူညီခဲ့ဖူးသည်။ မာယာရတ်စမီ က ဘယ်သူလဲ? ပြီးတော့ မာယာရတ်စမီက ဘယ်မှာရှိလဲဆိုတာ ကြည့်ရှူရန်~~All Drama World~~တင်ဆက်မယ့် <ညှို့ချက်ပြင်းသောမာယာ> ဇာတ်ကားလေးကို စောင့်မျှော်ကြည့်ရှူလိုက်ရအောင်။