-
Movie Name
-
Night Raiders (2021)
-
Year
-
2021
-
Generes
-
Action, Sci-Fi, Thriller
-
Code
-
EN0709
-
Type
-
Movie
-
Size
-
972 MB
-
Country
-
Hollywood
-
Description
-
ဒီရုပ်ရှင်ဟာ Genreများပါတယ်၊ အနာဂတ်စစ်ပြီးခေတ်
Post-apocalypticကာလမှာ အခြေခံထားတဲ့ Sci-drama အမျိုးအစားပါ၊
ဒါပေမဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ အယူဝါဒ ဆိုင်ရာ၊ လူမျိုးရေးဝါဒ၊
အရင်းရှင်နဲ့ မျက်နှာမွဲ ကျောခင်း ဘဝတွေစသဖြင့် ရှုထောင့်တိုင်း
မလွတ်စေရအောင် ဒါရိုက်တာမှ အစွမ်းပြထားပါတယ်၊
ဒါ့အပြင် ရှိတာနဲ့ လှအောင်ဆင်ထားတဲ့ ရိုက်ကွင်းsettingနဲ့
soundtracks တွေက post apocalyptic ဆိုတဲ့အရသာကို ပိုပေါ်လွင်စေပါတယ်
စစ်ပြီးခေတ်ကာလ 2039ခုနှစ်မှာ Emerson stateလို့ ခေါ်တဲ့
အရင်းရှင်ပြည်နယ်တစ်ခုဟာ အင်အားနည်းတဲ့ လူမျိုးစုတွေအပေါ်
ဓနအင်အားရော၊ စစ်ရေးအင်အားနဲ့ပါ ဖိနှိပ်ထားပါတယ်၊
ဖိနှိပ်တဲ့ပုံစံက အင်အားနည်းလူမျိုးစုနဲ့ ပြည်သူတွေထဲက
အသက်မပြည့်သေးသူ ကလေးတွေကို နိုင်ငံတော်ပိုင်အနေနဲ့ ခေါ်ဆောင်ပြီး
ပညာသင်ကြားစေခြင်း ဆိုတဲ့ အယောင်ပြပုံစံပဲဖြစ်ပါတယ်၊
ကိုယ့်ရင်သွေးကို မစေလွှတ်တဲ့မိဘတွေကိုလည်း
နိုင်ငံတော် ပုန်ကန်မှုနဲ့ ဖမ်းဆီးထောင်ချတဲ့အထိ
တရားမဲ့စွာ အုပ်ချုပ်နေတာပါ၊ ဒီလို မတရားမှုဟာ တစ်နေ့မှာ
Niskaနဲ့ သူမရဲ့ သမီးဖြစ်သူWarseseတို့ဆီ တည့်တည့်ရောက်လာပါတယ်၊
သမီးကို Emersonပြည်နယ်ထဲ ပို့လိုက်ရတဲ့ Niskaလည်း
သမီးကိုပြန်လည်ကယ်တင်ဖို့ ဒေသခံလူမျိုးစုတစ်စုနဲ့ ပူးပေါင်းရင်း
Emerson stateရဲ့အယောင်ပြပညာရေးနဲ့ နောက်ကွယ်က
အကြံအစည်က ဘာတွေဖြစ်နေမလဲ၊
အခက်အခဲပေါင်းများစွာကြားက Niskaနဲ့ Warseseတို့ ပြန်ဆုံနိုင်မလားဆိုတာကို
စိတ်ဝင်စားစရာ တင်ဆက်မှုနဲ့ ရိုက်ကူးထားတဲ့ ခေတ်လွန် Sci- drama ကားကောင်းပဲ ဖြစ်ပါတယ်