Movie Name
Marvel's Hit Monkey
Year
2021
Generes
Action, Animation
Code
SAN0064
Type
Series
Size
2.93 GB
Country
Hollywood
Description
Marvel’s Hit-Monkey (2021) ==================== IMDb Rating – 8.4/10 Hulu ကနေ မာဗယ်ကာတွန်းတစ်ခုကို တင်ဆက်လိုက်ပါတယ်။ စုစုပေါင်း ဆယ်ပိုင်းပါဝင်ပါတယ်။ ဇာတ်လမ်းကတော့ ခေါင်းစဉ်အတိုင်းပါပဲ။ မျောက်လူသတ်သမားပါ။ ဆရာမျောက်ဟာ အစတုန်းကတော့ တောအုပ်ကြီးထဲက မျောက်အုပ်ထဲက ဉာဏ်ကောင်းတဲ့ မျောက်တစ်ကောင်သက်သက်ပါပဲ။ ဒါပေမဲ့ သူတို့ဆီကို သေနတ်ဒဏ်ရာနဲ့ရောက်လာတဲ့ အရမ်းတော်တဲ့ ကြေးစားလူသတ်သမားကို ကယ်တင်လိုက်မိပြီးနောက်မှာ သူ့ဆီကနေ အတိုက်အခိုက်အသတ်အဖြတ် ပညာတွေ ရလာပါတယ်။ လူသတ်သမားနောက်ကို လိုက်သတ်လာတဲ့ လူတစ်စုကြောင့် သူ့ရဲ့ ဆွေမျိုးမျောက်တွေအကုန်သေပြီး လူသတ်သမားလည်း သေသွားတဲ့အခါ ဒီတာဝန်ကိုခိုင်းလိုက်တဲ့လူတွေကို ရေဆုံးမြေဆုံး ကလဲ့စားချေဖို့ သေနတ်တွေဓားတွေကို ဆွဲပြီး ထွက်လာပါတော့တယ်။ မာဗယ်ကာတွန်းဇာတ်အိမ်ခိုင်ခိုင်နဲ့ ရုပ်ထွက်ကောင်းကောင်းနဲ့ အထာကျကျ ရိုက်ကူးထားတာမို့ အတော်လေးကြည့်လို့ကောင်းမှာ သေချာပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson မှရေးသားပေးပြီး . ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှဖြစ်ပါတယ်။)