Movie Name
Love Story In Harvard (2004)
Year
2004
Generes
Drama, Romance
Code
SKR0531
Type
Series
Size
16 GB
Country
Korea
Description
Love Story in Harvard(2004) ဇာတ်လမ်းတွဲ အညွှန်း ************************************************ ( အပိုင်း ၁ မှ ၁၆ ) ထိ စ/ဆုံး “တစ်ခါတုန်းက တက္ကသိုလ်မှာ” ဆိုပြီး နာမည်ကြီးခဲ့တဲ့ ဒီဇာတ်လမ်းတွဲဟာ ဟိုးယခင် မှုန်ဝါးဝါးရုပ်ထွက်နဲ့တောင် ကျွန်တော်တို့ တစ်စက္ကန့်လေးတောင် ကျော်မပစ်ချင်လောက်အောင်ကောင်းလို့ အားပေးခဲ့ရတာပါ ယခုတော့ ယခင်ထက်များစွာကောင်းမွန်တဲ့ Quality လေးထွက်လာလို့ အမှတ်တရာသိမ်းထားခြင်သူများအတွက်ရော ပြန်လည်ခံစားချင်သူများအတွက်ရော ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းတွဲ အတွက် ကောင်းခြင်းတွေပြောရမယ်ဆိုရင်အတော်များလှပါတယ်။ တစ်ချို့သောသူတွေအတွက် ကိုရီးယားဇာတ်လမ်းတွဲအားပေးဖြစ်အောင်ရှေ့ဆောင် စီးရီးတစ်ခုအဖြစ်ဆိုရင်လည်း မမှားပါဘူး % buffered 00:00 -00:09 Download Your browser does not support the video tag. အဓိက ဇာတ်ကောင်(၃)ဦးကို မတူညီတဲ့ ပုံစံတွေနဲ့တည်ဆောက်ထားပြီး ဟားဗက်တက္ကသိုလ်မှာ ကိုယ်လိုချင်တဲ့ ပန်းတိုင်ဆီအရောင်လှမ်းဖို့ ကြိုးစားရင်း အခက်အခဲမျိုးစုံကြားမှာ နည်းအမျိုးမျိုးနဲ့လှုပ်ရှားရုန်းကန်နေရပုံတွေကိုတွေ့ရမှာပါ။ ဒါ့ကြောင့်အပိုင်းတိုင်းဟာ ဆွဲဆောင်မှုရှိပြီး လူငယ်တွေအတွက်လည်း တစ်နည်းတစ်ဖုံ Motivation လည်းရသလို အတုယူဖို့ နည်းလမ်းတွေရရှိခဲ့ပါတယ်။ မင်းသမီးနဲ့ မင်းသားကတော့ အထွေအထူး ပြောနေစရာမလိုအောင် တစ်ချိန်က ကိုးရီးယားက ရုပ်ရှင်လောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သလို သိပ်မကြာသေးခင်ကလည်း ဒရမ်မာအသစ်တွေနဲ့ အတူ ပရိသတ်ကို ဖမ်းစားနိုင်ခဲ့သေးတဲ့ ဂင်ရေးဝန် နဲ့ ဂင်ထယ်ဟီး ဆိုတော့ ကြည့်ပြီးသူတွေလည်း ထပ်ကြည့်ပြီး မကြည့်ဖူးသေးတဲ့ နောက်ပေါက်တွေလည်း ၂၀၀၀ ပြည့်နှစ် အစောပိုင်းက K-drama ရဲ့ အရသာလေးကို မြည်းစမ်းကြည့်ဦးပေ့ါဗျာ။ အတော်များများလည်း ဇာတ်လမ်းကို သိပြီးသားမို့ အထွေအထူးတော့ အညွှန်းမရေးတော့ပါဘူး