-
Movie Name
-
သတင်းဌာနမှအချစ်အရှုပ်တော်ပုံ (Woon Ruk Nakkao) (2020)
-
Year
-
2020
-
Generes
-
Comedy, Drama, Romance
-
Code
-
ST0410
-
Type
-
Series
-
Size
-
16.6 GB
-
Country
-
Thai
-
Description
-
သတင်းဌာနမှအချစ်အရှုပ်တော်ပုံ"
မြန်မာစာတန်းထိုးအပိုင်း၁၆ထိရပါပီ.အစအဆုံးLinkစုပေးသွားပါမယ်.
Casts : ဖာကွန်အဖြစ် Andrew Gregson
အောန်နစ်ချာ အဖြစ် Nune Woranch Bhirombhakdi
ဇာတ်လမ်းအကျဉ်း
ဖာကွန်အာနန်ချိုင်နဲ့ အောန်နစ်ချာ တို့နှစ်ယောက်ဟာ ထိုင်းရုပ်သံလိုင်းတစ်ခုကအစီအစဉ်တင်ဆက်သူတွေဖြစ်သည်။ သူတို့နှစ်ယောက်ရဲ့ အစီအစဉ်တင်ဆက်မှုတွေက ကြည်နူးပျော်ရွှင်စရာကောင်းသလို ပရိသတ်အားပေးမှုလည်းများတာကြောင့် ပရိသတ်နှစ်ခြိုက်အားပေးသည့် MC နှစ်ယောက်ဖြစ်ကြသည်။ အစီအစဉ်တင်ဆက်မှုတွေကို အပေးအယူမျှမျှနဲ့ တင်ဆက်နိုင်ကြတဲ့သူတို့နှစ်ဦးသည် ချစ်စရာကောင်းသည့် အများကငေးမောနေရသည့် တကယ့်ချစ်သူစုံတွဲလေးလည်းဖြစ်လို့နေကြပြန်သည်။
TV ဖန်သားပြင်ပေါ်မှာ အလွန်ပဲကြည်နူးစရာကောင်းလှတဲ့ MC ချစ်သူနှစ်ဦး ရဲ့ ဖန်သားပြင်နောက်ကွယ်မှာရော အခုလိုပဲချစ်ကြည်နူးစရာကောင်းနေမှာပဲလို့ ယူဆထားကြရင်တော့ အဲဒီယူဆချက်ကို ပရိသတ်တို့ စွန့်လွှတ်ရပါလိမ့်မည်။
အစီအစဉ်တင်ဆက်သူ ဒါရိုက်တာ၏ ကဒ်လို့အော်ပြီးသည်နှင့်တပြိုင်နက် သူတို့နှစ်ဦးရဲ့ အံ့သြစရာကောင်းလှတဲ့ တိုက်ခိုက်မှုတွေကချက်ချင်းဆိုသလိုအသက်ဝင်လာသည်။ TV ဖန်သားပြင်မှာ တင်ဆက်သွားကြတာ သူတို့နှစ်ဦးမှ ဟုတ်ပါလေစဆိုတဲ့အဖြစ်မျိုးနဲ့ အံ့သြမှင်တက်ကြရမည်။ သူတို့နှစ်ဦးရဲ့ တယောက်နဲ့တယောက်ရန်စောင်ထိုးနှက်မှုတွေဟာ တခါတလေတော့ ရယ်စရာ၊ တခါတလေတော့လည်း နာကျင်စရာတွေဖြစ်လို့နေတတ်ကြသည်။ အောန်နစ်ချာအတွက် ပိုပြီးနာကျင်စရာကောင်းသည့်အချက်ကသူ့ချစ်သူဖာကွန်သည် gay တစ်ယောက်ဖြစ်နေပြီး သူ့ကို Cover Girl သဘောမျိုးသာ အသုံးချတာကိုသိသဖြင့် အောန်နစ်ချာက ဖာကွန့်အပေါ် အနာကြီးနာခဲ့ရသည်။
တိုက်ဆိုင်စွာပဲ ဖာကွန်တစ်ယောက် ခေါင်းကိုထိခိုက်မိရာမှတစ်ဆင့် ကိုမာဝင်သွားပြီးဆေးရုံပေါ်မှာအချိန်အတော်ကြာမေ့မျောနေသည်။ဒီလိုအချိန်မှာ တင်ဆက်စရာရှိတဲ့ဖျော်ဖြေမှုတွေအတွက် ရုပ်သံလိုင်းမှာလည်းအကြပ်အတည်းရှိနေခိုက် ဖာကွန်နဲ့တူတဲ့ တရီစင်ဆိုတဲ့လူငယ်ကောင်လေးတစ်ယောက်ကိုတွေ့ပြီး ဖာကွန့်နေရာမှာ အစားထိုးအသုံးပြုဖို့စီစဉ်ကြတော့သည်။ ဖာကွန်နဲ့ရုပ်တူသော်လည်း စိတ်ဓာတ်မတူတဲ့ တရီစင် နဲ့ အောန်နစ်ချာတို့အကြား ဘယ်လိုချစ်ခြင်းမေတ္တာတရားတွေ ပေါ်လာနိုင်သလဲ။
သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကြောင့် ရုပ်သံသတင်းဌာနအတွင်းမှ လူတွေကဘယ်လိုထင်မြင်ချက်ပေးပြီး ဘာတွေဝေဖန်ထိုးနှက်ကြမလဲ။
Gay တစ်ယောက်ဖြစ်နေတဲ့ ဖာကွန့်နေရာမှာ အစားထိုးဝင်ရတဲ့ Gay မဟုတ်တဲ့ တရီစင်အတွက် ဘယ်လိုရယ်စရာကောင်းတဲ့ အလွဲတွေ၊ အရှုပ်တွေဖြစ်ပေါ်လာမလဲ။
ဖာကွန်တစ်ယောက်ကရော ပြန်ကောင်းလာနိုင်ပါ့မလား။
စတဲ့ အလွဲများ၊ အရှုပ်တော်ပုံများ ကိုအခြေခံကာ ဟာသနှောရိုက်ကူးထားတဲ့ အချစ်ဟာသဇာတ်ကားလေးတစ်ကားဖြစ်ပါသည်။