Movie Name
The Princess Switch 3 Romancing The Star (2021)
Year
2021
Generes
Comedy, Drama, Family
Code
EN0717
Type
Movie
Size
995 MB
Country
Hollywood
Description
The Princess Switch 3: Romancing the Star(2021) အညွှန်း **************************************************** The Princess Switchရဲ့ တတိယမြောက်ကားလာပါပြီ။ အရှေ့က 1နှင့်2လည်း CMမှာတင်ထားပါတယ်။ ဒီဇင်ဘာလမှာထွက်လာတာနဲ့အညီ ခရစ်စမတ်ကိုအခြေခံဇာတ်အိမ်တည်ထားပါတယ်။ စတေစီနဲ့ မင်းသမီးမာဂရတ်တို့နှစ်ဦးဟာ Montenaroမှာ ခရစ်စမတ်အကြိုညပွဲကို ဦးစီးပြီးစီစဉ်ကြပါတယ်။ မြင့်မားခမ်းနားပြီးမီးရောင်တွေနဲ့လင်းလက်လှပနေတဲ့ ခရစ်စမတ်သစ်ပင်ကြီးရဲ့ထိပ်မှာတော့ Vaticanပြတိုက်မှာသိမ်းဆည်းပြသထားတဲ့ တန်ဖိုးကြီးရှေးဟောင်းအမွေအနှစ်တွေထဲကတစ်ခုဖြစ်တဲ့ ငြိမ်းချမ်းရေးကြယ်ကို တပ်ပြီးအလှဆင်ဖို့စီစဉ်ထားတာပေါ့။ ပွဲကိုဖြစ်မြောက်အောင်စီစဉ်နေတုန်းမှာပဲ အဓိကအရေးပါလှတဲ့ ငြိမ်းချမ်းရေးကြယ်ဟာ အကျင့်ပျက်စီးပွားရေးသမားတစ်ယောက်ရဲ့ ခိုးယူခြင်းကိုခံလိုက်ရပါတယ်။ ငွေကြေးအတွက်ခိုးယူတာမဟုတ်ပဲ တန်ဖိုးကြီးပစ္စည်းတွေစုဆောင်းတတ်တဲ့သူဖြစ်လို့ ခိုးယူခဲ့တာကြောင့် ရဲတိုင်လိုက်ရင် ကြယ်ကြီးလုံးဝပျောက်သွားမှာဖြစ်တဲ့အတွက် သူခိုးဆီကပြန်ခိုးဖို့ပဲ ကြံစည်ရပါတော့တယ်။ ဒါကြောင့် ဒုတိယမြောက်ကားမှာ လူမှုအကျိုးပြုပြစ်ဒဏ်ကျသွားတဲ့ ဖီအိုနာနှင့် သူ့ရဲ့ငယ်ပေါင်းလည်းဖြစ်၊ အဆက်ဟောင်းလည်းဖြစ်တဲ့ပီတာတို့နှစ်ဦးကဦးဆောင်ကာ လူတိုင်းပါဝင်ပြီး ခရစ်စမတ်အကြိုညမတိုင်ခင် ကြယ်ကိုပြန်ရဖို့ ကြိုးစားပါတော့တယ်… ဒီကားမှာတော့ ဖီအိုနာကိုအသားပေးပြီးပွဲထုတ်လာတဲ့အတွက် သူ့ရဲ့ဆွဲဆောင်မှုရှိလှတဲ့ အချေစတိုင်လေးတွေကို ပိုမိုရှူစားရပါလိမ့်မယ်။