Movie Name
King Richard (2021)
Year
2021
Generes
Biography, Drama, Sport
Code
EN0722
Type
Movie
Size
1.35 GB
Country
Hollywood
Description
2021 အကောင်းဆုံးကားတွေထဲက တစ်ကားလို့ပြောလို့ရတဲ့ Will Smith ကားလာပါပြီ ဒီကားဟာ သူနာမည်ကြီးခဲ့တဲ့ Pursuit of Happyness ကိုပုံစံတစ်မျိုးနဲ့ ပြန်ကြည့်ရသလိုပါပဲ တော်တော်လေးကောင်းပါတယ် ဒါပေမယ့် ဒီဇာတ်ကားမှာ ပါဝင်တဲ့ အဓိကဇာတ်ကောင်တွေ တင်းနစ်ကစားသမားအကျော်အမော်တွေ ကစားပွဲတွေ ဒိုင်ယာလော့တွေကအစ တကယ့်ဖြစ်ရပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ် တင်းနစ်အားကစားကိုစိတ်ဝင်စားတဲ့လူတွေဆိုရင် ဆီရီနာနဲ့ဗီးနပ်စ်ဝီလီယျံ( Serena & Venus) ကို သိကြမှာပါ Grand Slam အိုးပင်းနဲ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာ ၂၃ ကြိမ်လောက် ဗိုလ်စွဲထားတဲ့ ညီအစ်မဖြစ်ပြီး ကမ္ဘာ့အဆင့် ၁ နဲ့ ၂ နေရာကိုရှေ့နောက်ယူခဲ့တဲ့ ပထမဆုံး အာဖရိကန် – အမေရိကန်ညီအစ်မလည်းဖြစ်ပါတယ် ဒါပေမယ့် သူတို့ဒီလောက်ထိအောင်မြင်ခဲ့ဖို့ နောက်ကွယ်က ကြိုးကိုင်ပေးခဲ့တဲ့ သူတို့အဖေ ရစ်ချက် ဝီလီယျံ( Richard William) ကိုမေ့ထားလို့မရပါဘူး ဒီကားမှာ ရစ်ချက်ဝီလီယျံအဖြစ် Will Smith ကပါဝင်ထားပြီး ဆီရိနာနဲ့ဗီးနပ်တို့ရဲ့ ငယ်ဘဝကနေ.. ပရိုတင်းနစ်သမားတွေဖြစ်အောင် ဖခင်ဖြစ်သူနဲ့ ဘယ်လောက်ထိ ရုန်းကန်လှုပ်ရားခဲ့ရသဲဆိုတာ တွေ့ရမှာပါ တင်းနစ်ဆိုတာ လူဖြူတွေပဲ ကြီးစိုးတဲ့ အားကစားဖြစ်ပြီး လူမည်းကစားသမားဆိုတာ မရှိသလောက်ရှားပါတယ် အထူးသဖြင့် လူမည်းအမျိုးသမီး တင်းနစ်မယ်ဆိုတာ မရှိခဲ့ပါဘူး . ဒါပေမယ့် ရစ်ချက်ဝီလီယျံပြောတဲ့ စကားအတိုင်း.. “ကျွန်တော့်သမီးတွေ မမွေးခင်ထဲက သူတို့ရဲ့ အနာဂတ်အတွက် အစီအစဉ်ဆွဲထားပြီးသား အဲ့ဒါကတင်းနစ်ချန်ပီယံတွေဖြစ်ဖို့ပဲဆိုပြီး သူ့စကားအတိုင်းအကောင်အထည်ဖော်ခဲ့ပါတယ် ဒီကားဟာ အတော်လေး Inspiration ဖြစ်တဲ့ကားဖြစ်ပြီး ၂ နာရီခွဲလောက်ကြာတာကြောင့် တစ်ဝကြီးကြည့်ရမှာ HBO ကထုတ်တဲ့ကားဖြစ်တာကြောင့်လည်း မကောင်းမှာမပူရပါဘူး. Main Lead ကလည်း Will Smith၊ ရှားရှားပါးပါး Biography, Sport ကားဆိုတော့ အများကြီးပြောစရာမလိုအောင် အချိန်ပေးရတာထိုက်တန်မှာပါ