Movie Name
Multiverse (2021)
Year
2021
Generes
Drama, Sci-Fi
Code
EN0723
Type
Movie
Size
923 MB
Country
Hollywood
Description
Multiverse (2021) Time traveller ဇာတ်ကား​တွေ၊ Multiverse theory​တွေဟာ Back to the Future trilogyကစလို့ ဒီဘက်​ခေတ် Interstellar၊ ဂျာမန်စီးရီး Dark၊ Tenetတို့လို ကားမျိုး​တွေက​နေ လက်ရှိ Box office ရဲ့ဆရာတစ်ပါးလို ဖြစ်​နေတဲ့ MCU franchise​ တွေအထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးများလာသလို ဒီtheory​ရဲ့ နက်ရှိုင်းမှုနဲ့ ဒါရိုက်တာအသီးသီးရဲ့ ပညာစွမ်း​​တွေကြောင့် Time travelကား​ဟေ့၊ multiverseကား​ဟေ့လို့ဆိုတာနဲ့​ ပေါက်တာ များသလို တကယ်လည်း ကြည့်​ကောင်းကြတာ များပါတယ် ဒီဇာတ်ကားဟာလည်း Budgetနိုင်နိုင်သုံးတဲ့ Amazon Primeက ရိုက်ကူးထားတဲ့ Sci-fic ,Dramaပဲဖြစ်ပါတယ်၊ ဇာတ်လမ်းနာမည် အတိုင်းပဲ Multiverse​ themeပေါ်မှာ အ​ခြေခံရိုက်ကူးထားတာပါ ​Loretta, Amy, Dannyနဲ့ Jerryတို့ သူငယ်ချင်း​လေး​ယောက်က ကိုယ်လက်ရှိ​နေတဲ့ စကြဝဠာနဲ့ ထပ်တူညီတဲ့စကြဝဠာ​တွေရှိတယ်လို့ တထစ်ချယုံကြည်ထားပြီး အဲဒီကမ္ဘာ​တွေကို ရှာဖို့ဆုံးဖြတ်ထားတဲ့ စိတ်တူကိုယ်တူသူငယ်ချင်း​​​တွေပါ၊ သူတို့ရဲ့သီအိုရီမှန်ကန်​ကြောင်း လမ်းစ​တွေ့တဲ့အချိန်မှာပဲ Loretta တစ်​ယောက် မ​တော်တဆမှုတစ်ခု​ကြောင့် ​သေဆုံးပြီး​သူတို့ရဲ့ ရှာ​ဖွေမှုဟာလည်း တစ်ခန်းရပ်သွားခဲ့ပါတယ်၊ ဒါ​ပေမဲ့ အဲဒီမ​တော်တဆမှုအပြီး ၅လအကြာမှာ ​သေဆုံးသွားပြီလို့ ထင်ရတဲ့ Lorettaက သူငယ်ချင်း​တွေဆီ ပြန်​ရောက်လာတဲ့အခါ…. ဒီဇာတ်လမ်းက multiverse theoryထဲက ပုံစံအသစ်အဆန်း တစ်မျိုးကို စိတ်ကူး​ယဉ်ဆန်ဆန်နဲ့ ရိုက်ကူးထားတာပါ၊ Multiverseလည်း ပါမယ်၊ အဲဒီမှာမှ Time travel theoryပါ ထပ်​ပေါင်း​တော့ တော်​တော်မျက်စိလည်ပါမယ်၊ ကြည့်​နေရင်းနဲ့ကို အ​ရှေ့ကို ပြန်​ကြည့်ရတာ​တွေများပါမယ်၊ Final Sceneဟာဆိုရင် multiverse and time travel ဇာတ်ကားဆိုတာနဲ့လိုက်​အောင် လုံးဝ mind-blowingပါပဲ၊ ဒီtheory​တွေကို စိတ်ဝင်စားတဲ့သူ၊ စဉ်းစားရင်း အ​တွေးနယ်ချဲ့ရတာ သ​ဘောကျတဲ့သူ​ဆိုရင် ဒီရုပ်ရှင်ကို သ​ဘောကျမှာ ​သေချာပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။