-
Movie Name
-
House Of Secrets The Burari Deaths
-
Year
-
2021
-
Generes
-
Crime, Documentary
-
Code
-
SIND0015
-
Type
-
Series
-
Size
-
1.94 GB
-
Country
-
Bollywood
-
Description
-
House of Secrets : The Brurari Deaths (2021)
ကြမ္မာငင်တယ် ဆိုတဲ့ အရာက ဘာကြောင့်ဖြစ်လာသလဲ?
ဘဝပေးကံကြောင့်လား၊
အကုသိုလ်တွေ များလို့လား၊
ကိုယ်တိုင်က ကြမ္မာငင်တာ နဲ့ တည့်တည့်ဝင်တိုးတဲ့အထိ အသိဉာဏ်နည်းတာလား၊
ဒါမှမဟုတ် အထက်ပါအချက်တွေအားလုံး ကျိုးကြောင်းဆီလျော်စွာ စုံသွားတာလား၊
ဘာကြောင့်ပဲဖြစ်ဖြစ် ကြမ္မာငင်တယ် ဆိုတဲ့ အရာကိုက ဇာတ်သိမ်းမလှတတ်ဘူး မဟုတ်လား
ဒီ Seriesဟာ ၂၀၁၈ခုနှစ် ဇွန်လ၃၀ရက် အိန္ဒိယနိုင်ငံ ဒေလီမြို့မှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်မှုခင်းကို
Documentaryပုံစံ ပြန်လည်ရိုက်ကူးထားတဲ့ အပိုင်း၃ပိုင်းပါဝင်တဲ့ limied crime horror seriesပဲဖြစ်ပါတယ်
ကြေးရတတ် ပညာတတ်မိသားစုဖြစ်တဲ့ ဘာတီယာမိသားစုဟာ
ဒေလီမြို့ ဘူရာရီရပ်ကွက်မှာ စိတ်သဘောမနောကောင်းမှုနဲ့
နာမည်ကြီးသလို လူချစ်လူခင်လည်း အရမ်းများပါတယ်၊
စည်းစိမ်ဥစ္စာလည်း ပူပင်စရာမရှိဘဲ တင့်တောင့်တင့်တယ်နေနိုင်တဲ့ မိသားစုကြီးတစ်စုပ
တစ်နေ့မှာတော့ ဘာတီယာမိသားစုဝင် “၁၁ ယောက်လုံး”
နေအိမ်မှာပဲ ကြိုးဆွဲချသတ်သေသွားခဲ့ပါတယ်၊
ဒီမှုခင်းဟာ အသတ်ခံရတာလား သွေးရိုးသားရိုးသတ်သေမှုဟုတ်ရဲ့လား စုံစမ်းရာမှ
ကြောက်မက်ဖွယ် လျှို့ဝှက်ချက်တွေ တန်းစီထွက်ပေါ်လာတဲ့အခါ….
ဒီ Documentary အခြေခံရိုက်ကူးထားတဲ့ မှုခင်းဖြစ်ရပ်မှန်ဟာ
၂၀၁၈ခုနှစ်အတွင်း အိန္ဒိယနိုင်ငံတစ်ခုလုံး ဟိုးလေးတကျော်ကျော်
ဖြစ်သွားခဲ့သလို ကြားရကြုံရသူတိုင်း စုတ်တသပ်သပ်ဖြစ်စေခဲ့တဲ့
နာမည်ကျော် မှုခင်းကြီးပါ၊
ဒါဟာ Documentaryဖြစ်ပါတယ်၊ ရုပ်ရှင်မဟုတ်ပါဘူး၊
ဒါကြောင့် ဒီ မှတ်တမ်းရုပ်ရှင် ထဲက အင်တာဗျူးတွေ၊
ပါဝင်ရိုက်ကူးခဲ့သူတွေရဲ့ emotionတွေ၊ ဗီဒီယိုမှတ်တမ်းတွေက တကယ့်အစစ်တွေပဲဖြစ်ပါတယ်၊
Viewer Sensitivity အရနဲ့ သရုပ်ဖော်သဘောအရသာ
အခင်းဖြစ်ပွားရာနေရာကိုပဲ ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်
တကယ့်ကိုဆန်းကျယ်ပြီး ဘယ်လိုမှမထင်ထားတဲ့အဖြေကိုပဲ လိုချင်တဲ့
Crime docu ပရိတ်သတ်တွေအတွက် ဒီမှတ်တမ်းစီးရီးက
တကယ်ကို ရွှေပါပဲလို့ ညွှန်းဆိုချင်ပါတယ်
အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။