-
Movie Name
-
အမုန်းရဲ့ခြေရာ (Roy Arkart (2019)
-
Year
-
2019
-
Generes
-
Action, Romance
-
Code
-
ST0412
-
Type
-
Series
-
Size
-
6.60 GB
-
Country
-
Thai
-
Description
-
ဇာတ်လမ်းအကျဉ်း
👉👩(An) အဖြစ် Thisa Varitthrsa Limthammahisorn
👉👨(paam Jirakanpanich)အဖြစ် Thana suttikamol
👉👩(Jirakanpanich)အဖြစ် Fern Thitinan suwanthaworn
အလုပ်သမားတွေအပေါ် ညှာတာထောက်ထားမှုမရှိ အနိုင်ကျင့်တတ်သူ သားသမီးတွေအပေါ်မှာလဲ စည်းကမ်းတင်းကြပ်စွာ ဆုံးမတတ်သူ ကိုယ့်ကိုယ်ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှအယုံအကြည်မရှိသူ ထိုင်းနိုင်ငံရှိ တရုတ်အဖွဲ့အစည်းရဲ့နာမည်ကျော် လုပ်ငန်းရှင်သူဌေးကြီး Paisarn Jirakanpanich အဖြစ် Trin Settachoke
သူဌေးကြီး Paisarn ရဲ့အိမ်မှာနေပြီး သူဌေးကြီးရဲ့အနားမှာတိုင်ပင်ဖော်အဖြစ်ရှိနေခဲ့သူ သူဌေးကြီးရဲ့ ဖအေတူမအေကွဲညီ Paam Jirakanpanich အဖြစ် Oil Thana Suttikamol
သူဌေးကြီးရဲ့ အကြီးဆုံးသားဖြစ်သော်လည်း မယားငယ်ရဲ့သားဖြစ်တာကြောင့်စွန့်ပစ်ခံထားရသူ ငယ်စဉ်ကတည်းက မိခင်အပေါ်နှိပ်စက်အနိုင်ကျင့်ခဲ့တဲ့ ဖခင်ဖြစ်သူသူဌေးကြီးကိုမုန်းနေခဲ့သူ Pirun Suekosol (Pete) အဖြစ် Mai Nonthapun Jaikunta
သူဌေးကြီးရဲ့ညီ Paam နဲ့တစ်ချိန်ကဇာတ်လမ်းတွေရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ သူ့အပေါ်တင်နေတဲ့ကျေးဇူးတရားတွေကြောင့် သူဌေးကြီးရဲ့သားဖြစ်သူ Pete ကို လက်ထပ်ထားရတဲ့ သူဌေးကြီးရဲ့အကြီးဆုံးချွေးမ Ansaya (An) အဖြစ် Thisa Varitthisa Limthammahisorn
သူဌေးကြီးရဲ့ ဒုတိယမြောက်သမီး (တရားဝင်မိန်းမရဲ့သမီး) ဒေါသကြီးပြီးအစွန်းရောက်တတ်သူ သူဌေးကြီးတဲ့တရားဝင်သမီးဖြစ်တာကြောင့်မာန်တက်နေသူ သူဌေးကြီးရဲ့ပိုင်ဆိုင်မှုတွေကို တစ်ယောက်ထဲအပိုင်စီးချင်နေသူ Pimonpha Jirakanpanich အဖြစ် Fern Thitinan Suwanthaworn
သူဌေးကြီးရဲ့ တတိယမြောက်သမီး အနေအေးသူ Praepim Jirakanpanich အဖြစ် Oh Yada Theppanom
Praepim ရဲ့ အနေအေးမှုကိုအခွင့်ကောင်းယူပြီး သူဌေးကြီးရဲ့မိသားစုနဲ့ စီးပွားရေးလုပ်ငန်းတွေကြား နေရာကောင်းဝင်ယူပြီး သူဌေးကြီးရဲ့ ပိုင်ဆိုင်မှုတွေကို လိုချင်တပ်မက်မှုရှိသူ Praepim ရဲ့ယောကျား သူဌေးကြီးရဲ့သားမက် လောင်းကစားသမား Thirasit အဖြစ် X Thitinan Suwannasak
ငွေကြေးချမ်းသာမှုအရှိန်နဲ့လေလွင့်နေသူ သူဌေးကြီးရဲ့အငယ်ဆုံးသား Pat အဖြစ် Sugus Buntawit Tragulpanich
ဇာတ်လမ်းအကျဉ်း
နာမည်ကျော်သူဌေးကြီး Paisarn ဟာ သူ့ရဲ့နေအိမ် အိပ်ခန်းထဲမှာရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။ သူဌေးကြီးသေဆုံးသွားပြီးတဲ့နောက်မှာ အမွေမက်တဲ့သားသမီးတွေက သူဌေးကြီးရဲ့အိမ်ပေါ်ကိုအသီးသီးတက်လာခဲ့ကြတယ်။ သူဌေးကြီးရဲ့အမွေတွေကိုမျက်စိအောက်ကအပျောက်မခံကြပဲ တစ်ဦးကိုတစ်ဦး သံသယမျက်လုံးတွေနဲ့ကြည့်နေခဲ့ရာကနေ သေတမ်းစာဖတ်ရမယ့်အချိန်ရောက်လာတဲ့အခါမှာတော့......
တရုတ်ရိုးရာအရ မိသားစုရဲ့ အဓိအရေးပါအရာရောက်သူအဖြစ်ေနရာရထားတဲ့ သားအကြီးဆုံးနဲ့ချွေးမအကြီးဆုံးတို့နဲ့ သူတို့ကိုမနာလိုဖြစ်နေတဲ့ သူဌေးကြီးရဲ့ တရားဝင်မိန်းမရဲ့သမီးတို့ရဲ့ ယှဉ်ပြိုင်မှုတွေကြားမှာ.....
သူဌေးကြီးရဲ့သိန်းပေါင်းများစွာသောအမွေတွေကို ဘယ်သူကရသွားမှာလဲ.....?
သူဌေးကြီးကိုသတ်တဲ့သူဟာ
သူဌေးကြီးနဲ့အနီးကပ်ဆုံးရှိနေခဲ့တဲ့ ညီဖြစ်သူ Paam ဖြစ်နေမလား.....?
သူဌေးကြီးကိုမုန်းနေခဲ့တဲ့ သားအကြီးဆုံး Pete ဖြစ်နေမလားလား.....?
သူဌေးကြီးရဲ့အမွေတွေကိုတစ်ယောက်ထဲအပိုင်စီးချင်နေတဲ့ သမီးအကြီး Pimonpha ဖြစ်နေမလား.....?
သူဌေးကြီးရဲ့ပိုင်ဆိုင်မှုတွေကိုမျက်စောင်းထိုးနေတဲ့ Praepim နဲ့ Thirasit တို့လင်မယားဖြစ်နေမလား.....?
သူဌေးကြီးရဲ့အငယ်ဆုံးသား Pat ဖြစ်နေမလား.....? ဆိုတာနဲ့
Paam, Pete နဲ့ Ansaya တို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကရော ဘာတွေဆက်ဖြစ်လာမလဲဆိုတာ
ရင်ခုန်စိတ်လှုပ်ရှားဖွယ် စိတ်ဝင်စားဖွယ်အပြည့်နဲ့ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်