-
Movie Name
-
Kaamelott First Installment (2021)
-
Year
-
2021
-
Generes
-
Comedy, Fantasy
-
Code
-
EN0730
-
Type
-
Movie
-
Size
-
943 MB
-
Country
-
Hollywood
-
Description
-
Kaamelott: First Installment (2021)
ဒီဇာတ်ကားကတော့ 2005 ကနေ 2009 အထိ season 6ခုထွက်ထားတဲ့ Kaamelott seriesရဲ့ Sequel movie ပဲ ဖြစ်ပါတယ်
Kaamelott seriesကတော့ King Arthur ရဲ့ ဒဏ္ဍာရီကို ဟာသ ဆန်ဆန် ရိုက်ကူးထားတဲ့ ပြင်သစ် seriesတစ်ခုပဲ ဖြစ်ပါတယ်
ဒီဇာတ်ကားကတော့ ထိုseries နောက်ပိုင်းမှာ အခြေတည်ပြီး Adventure / Fantasy
အမျိုးအစားပေမယ့် Comedyလည်း ရောထားတဲ့ ဇာတ်ကားမျိုးပဲ ဖြစ်ပါတယ်
Kaamelott series အပြီးမှာတော့ ဘုရင်အာသာ ဟာ စိတ်ကျရောဂါကို ခံစားနေရတာကြောင့်
ကမ်းမလော့က သူ့ရဲ့ ပုလ္လင်ကို ဖယ်ပေးပြီး အဇ်ကယ်လီဘာ ဓားကိုလည်း ယူခဲ့တဲ့ ကျောက်တုံးထဲမှာ ပြန်စိုက်ထားခဲ့ပါတယ်
ထိုအချိန်မှာပဲ အာသာရဲ့ သူငယ်ချင်းဟောင်းဖြစ်သလို အဖော်မွန်လည်း ဖြစ်တဲ့ လန်စီလော့ဟာ
အာသာရဲ့ ရန်သူတော် မယ်လဂန့် ရဲ့ လွှမ်းမိုးမှုကြောင့် ကမ်မလော့ ကို သိမ်းပိုက်ပြီး
အာသာရဲ့ အရင်က မိတ်ဆွေတွေနဲ့ မဟာမိတ်တွေကို မညှာမတာ လိုက်ဖမ်းပါတော့တယ်
အာသာကလည်း လန်စီလော့ရဲ့ ဒေါသကနေ လွတ်မြောက်ဖို့အတွက် ရောမမှာ ပုန်းရှောင်နေပါတော့တယ်
ပြည်သူတွေဟာလည်း လန်စီလော့ရဲ့ အုပ်ချုပ်မှု ကို ငြင်းဆန်ပြီး ဘုရင်အာသာပြန်လာမှာကိုပဲ မျှော်နေကြပါတယ်
လန်စီလော့နဲ့ သူ့ရဲ့ ဆက်ဇွန်လူမျိုး ကြေးစားသမားတွေက နိုင်ငံကို အကြောက်တရားနဲ့ အုပ်ချုပ်နေကြ တဲ့အတွက်ပါပဲ
အဲ့လိုနဲ့ ရောမမှာ ပုန်းနေတဲ့ ဘုရင်အာသာဟာလည်း လန်စီလော့နဲ့ သူ့ရဲ့ စစ်တပ်ကို တိုက်ခိုက်ဆန့်ကျင်ဖို့အတွက် ပြန်လာပါတော့တယ်
(အညွှန်းရေးပြီး ဘာသာပြန်ထားသူကတော့ Thura Hein နဲ့ Summer ပဲ ဖြစ်ပါတယ်)