Movie Name
Lovely Horribly ( 2018 )
Year
2018
Generes
Comedy, Drama, Horror
Code
SKR0200
Type
Series
Size
6.48 GB
Country
Korea
Description
ကားလေးကတော့ အားလုံးသိတဲ့ running man ထဲက ဆောင်းဂျီဟိုနဲ့၂၀၁၂တုန်းကထွက်ခဲ့တဲ့ Confession of Murder ကားထကမင်းသား ပတ်ခ်စီဟို တို့တွဲပြီးရိုက်ထားတဲ့ကားလေးပါ ဂျီဟိုက ၂၀၁၄တုန်းက Emergency couple နောက်ပိုင်းမှာကားရိုက်ကြဲနေပြီးမှ ပြန်ထွက်လာတဲ့ ဒရာမာလေးပါ သြဂုတ် ၁၃ရက်နေ့မှာ စပြမှာဖြစ်ပြီး တစ်ပတ်၄ပိုင်းနဲ့ ၃၂ပိုင်းရှိမှာပါ ဇာတ်လမ်းက အရင်ကလဲ နိုင်ငံအစုံကကျောရိုးယူပြီးရိုက်ဖူးပြီးသားဇာတ်လေးပါ မြန်မာနိုင်ငံမှာတောင်မှ ပြေတီဦးနဲ့ မိုးဟေကို ပြန်ရိုက်ထားပါသေးတယ် ကံကောင်းတဲ့ကောင်လေးနဲ့ ကံဆိုးတဲ့ကောင်မလေးအကြောင်းပေါ့ ဒီကားရဲ့ကျောရိုးကလဲ ဒီလိုခပ်ဆင်ဆင်ပါပဲ ကိုရီးယားသဘာ၀ ဒရာမာတော့ပါတာပေါ့ ငယ်ငယ်တည်းက နတ်ဆရာမရဲ့သားလေးဖြစ်တဲ့သူက ကံကြမ္မာတစ်ခြမ်းပဲ့နဲ့မွေးဖွားလာတာပေါ့ အဲဒါကိုသိတဲ့နတ်ဆရာမကလဲ သူ့သားလေးစောစောသေသွားမှာသိပ်ကြောက်ပါတယ် နည်းလမ်းကတော့ သူများဆီကကံကိုခိုးယူပြီး သူ့သားကံကိုဆက်ပေးရမှာပါ သေမလား သတ်မလားပေါ့ အဲ့မှာပဲ မွေးနေ့တူတဲ့ကောင်မလေးတစ်ယောက်ဗေဒင်လာတွက်တဲ့အခါမျာခိုးယူလိုက်ပါတော့တယ် သူတို့နှစ်ယောက်ဟာ ကံကြမ္မာကိုဖလယ်လိုက်သလိုလုံးဝကို အခြားအနားဘဝနဲ့ကြီးပြင်းလာကြတယ် တစ်ဖက်ကတော့ နိုင်ငံကျော် ဆယ်လီကြီးဖြစ်ပြီး တစ်ဖက်ကတော့ ဘာလုပ်လုပ်အဆင်မပြေတဲ့ဘဝနဲ့ပေါ့ ဒါပေမယ့်အရာရာတိုငင်းမှာ လစ်မစ်ရှီပါတယ် ခိုးထားတဲ့ကံကလဲ အချိန်စေ့ရင် ပြန်ပေးရမှာပေါ့ အဲ့လိုအပြောင်းအလဲတွေက ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာတော့စိတ်ဝင်စားစရာတွေ မထင်မှတ်တာတွေ နဲ့ ရောထွေးနေတဲ့ဇာတ်လမ်းလေးကို ကြည့်လိုက်ကြပါဦးနော်