Movie Name
Kanakam Kaamini Kalaham (2021)
Year
2021
Generes
Comedy
Code
IND0215
Type
Movie
Size
1.69 GB
Country
Bollywood
Description
Kanakam Kaamini Kalaham(2021) ====================== စိတ်ညစ်စရာတွေကနေ ခဏတာပြေးထွက်ပြီး စိတ်အပန်းပြေစေမယ့် သရော်တော်တော် ဟာသဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရုပ်သံဇာတ်လမ်းတွဲသရုပ်ဆောင်မင်းသမီးဟောင်း ပရီယာနဲ့ သရုပ်ဆောင်သင်တန်းနည်းပြ ပါဗစ်သရာတို့ဟာ မပြေလည်တဲ့အိမ်ထောင်ရေးကြောင့် ခဏကွဲကွာနေကြတဲ့ ဇနီးမောင်နှံပါ။ သရုပ်ဆောင်ရူး ပါဗစ်သရာဟာ သူတို့အိမ်ထောင်ရေးပြန်အဆင်ပြေဖို့ မိန်းမဖြစ်သူကို ရွှေနားကပ်ကြီးနဲ့ပြန်ချော့တဲ့အခါ ပြေလည်သွားပါတယ်။ ပရီယာရဲ့မောင်ဖြစ်သူက ပိုက်ဆံလိုတဲ့အခါ နားကပ်ကိုမျက်စိကျလာပါတယ်။ ပါဗစ်သရာက ရှေ့မှာတော့ နားကပ်ပေးလိုက်ဖို့သဘောတူပြီး နောက်ကွယ်မှာ နားကပ်ကိုဖြောင်ဖို့ ကြံစည်ထားပါတယ်။ တစ်ရက်မှာ သူတို့လင်မယားနှစ်ယောက် ခရီးထွက်လာကြပါတယ်။ ဇာတ်လမ်းက အဲဒီတော့မှစတာပါ။ သူတို့နှစ်ဦးတည်းခိုတဲ့ဟိုတယ်မှာ ကသောင်းကနင်းကမောက်ကမတွေဖြစ်ပြီး ပါဗစ်သရာဖွက်ဖို့စဉ်းစားထားတဲ့ နားကပ်ဟာ ပျောက်ဆုံးသွားပါတယ်။ အဲဒီလိုနဲ့ ဘာတွေဆက်ဖြစ်ကြမလဲ၊ ဘယ်လိုအခွီ‌တွေဆက်ကြည့်ရမလဲဆိုတာကိုတော့ ကြည့်ကြည့်လိုက်ကြပါနော်။ ဟာသဇာတ်လမ်းဆိုပေမဲ့ ဖြစ်တတ်တဲ့သဘာ၀၊ လိုချင်မျက်စိရှိတတ်တဲ့ လူ့သဘောမနောကို ထင်ဟပ်ရိုက်ကူးထားတာပါ။ အကြပ်အတည်းတွေကြားက ခဏတာစိတ်အပန်းပြေချင်သူတွေကအတွက်တော့ ကြည့်ဖို့သင့်တဲ့ ဟာသဇာတ်လမ်းအဖြစ် ညွှန်းပေးလိုက်ပါတယ်။