Movie Name
Circle Of Deception (2021)
Year
2021
Generes
Crime, Drama
Code
EN0734
Type
Movie
Size
841 MB
Country
Hollywood
Description
Circle of Deception (2021) ==================== ဇာတ်ကြောင်းလေးမပြောခင်မှာ ဒီဇာတ်လမ်းရဲ့မူလဝတ္ထုကိုရေးတဲ့ Ann Rule အကြောင်းကိုအရင်ရှင်းပြမှဖြစ်ပါမယ်။ Ann Rule ဆိုတာက တစ်ကယ်ဖြစ်ပျက်ခဲ့တဲ့မှုခင်းတွေအကြောင်းကို ဝတ္ထုရေးတဲ့ မှုခင်းဝတ္ထုစာရေးဆရာမကြီးတစ်ဦးပါ။ သူရေးခဲ့တဲ့ ” Stranger beside me” ဝတ္ထုဆိုရင် ၁၉၇၀ကာလကအမေရိကန်မှာနာမည်ကြီးခဲ့တဲ့ကွင်းဆက်လူသတ်သမား Ted Bundy နဲ့ သူကြုံတွေ့ခဲ့ရတဲ့အကြောင်းကိုရေးဖွဲ့ခဲ့ထားပြီး ၁၉၈၆, ၁၉၈၉ , ၂၀၀၀, ၂၀၀၈ခုနှစ်တွေထပ်မံပဲနှိပ်ထုတ်ဝေ ခဲ့ရတဲ့အထိ အောင်မြင်မှုရခဲ့ပါတယ်။ အခုဇာတ်ကားလေးကလည်း ၂၀၁၃ခုနှစ်မှာထုတ်ဝေခဲ့တဲ့ “Practice to Deceive”ဝတ္ထုကိုမှီငြမ်းရိုက်ကူးထားတာပါ။ အိမ်ထောင်ရေးမှာမပျော်ရွှင်ဖြစ်နေပြီး ယောကျ်ားဖြစ်သူကိုသဘောမကျတော့တဲ့ Branny Douglas တစ်ယောက် သူ့သူငယ်ချင်း Peggy Sue Thomasကိုကြည့်ပြီးအားကျနေတာပေါ့။ Peggyဆိုတာက အလှမယ်ဟောင်းဖြစ်သလို ယုံကြည်မှုအပြည့်ရှိပြီးလွတ်လပ်တဲ့လူ။ ပြီးတော့ ချမ်းသာတဲ့သူ့ချစ်သူ Jim Hudleရဲ့ ဂရုစိုက်မှုကိုခံနေရတော့ Branny တစ်ယောက်အားကျပြီး ကိုယ့်ရဲ့အိမ်ထောင်ရေးကိုကိုယ်တိုင်ဖြိုခွဲပစ်လိုက်ပါလေရော။ ဒါပေမယ့် Branny မသိလိုက်တာက Peggy ရဲ့ တစ်ဖက်ခြမ်းမှာဖုံးကွယ်ထားတဲ့အရာတွေ။ ဒီလိုနဲ့ အိမ်ထောင်ကွဲပြီးဘဝပျက်နေတဲ့ Branny နဲ့ Peggy က ဘယ်လို ဇာတ်လမ်းတွေပတ်သက်လာမှာလဲ ဘာတွေဆက်ဖြစ်လာမှာလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ ဇာတ်လမ်းလေးက တစ်ကယ့်ဖြစ်ရပ်ကိုမှီငြမ်းရိုက်ထားတာဖြစ်တဲ့အပြင် plot လေးနဲ့ဆိုတော့ မှုခင်းဇာတ်လမ်းလေးပီသတဲ့ ကားလေးလို့ဆိုရတော့မှာပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Chit Tee, Chuck Chuck တို့ပဲဖြစ်ပါတယ်။)