Movie Name
Robin Robin (2021)
Year
2021
Generes
Animation, Family
Code
AN0417
Type
Movie
Size
809 MB
Country
Hollywood
Description
Robin Robin (2021) လူတိုင်းရဲ့ဘဝမှာ ကိုယ်မဖြစ်နိုင်တဲ့အရာကို ဖြစ်ချင်တဲ့ဆန္ဒရှိဖူးကြမှာပါပဲ။ ဥပမာ Song Hye Kyoလို ချောချင်တယ် ဘာညာပေါ့😜😜😜။ အခုဒီကာတွန်းလေးကတော့ ဖြစ်ချင်တာနဲ့ ဖြစ်နိုင်တာကြားမှာ ကိုယ့်ရဲ့စွမ်းရည်ကို အကောင်းဆုံးအသုံးချတတ်ဖို့ သင်ယူမယ့် Robinဆိုတဲ့ ငှက်ဝတုတ်လေးအကြောင်းပဲ ဖြစ်ပါတယ်။ Robinဆိုတာကတော့ ကြွက်တွေကြားထဲကို မတော်တဆရောက်သွားတဲ့ ငှက်ဥကပေါက်လာတဲ့ ငှက်မလေးပါ။ ကြွက်တွေကြားမှာ ကြီးပြင်းခဲ့ရတာကြောင့် ကိုယ့်ကိုယ်ကိုငှက်လို့လက်မခံချင်ဘဲ ကြွက်လို့ပဲ ခံယူထားတာပေါ့။ ဒါပေမဲ့ သူဟာကြွက်လိုမျိုး ခိုးကြောင်ခိုးဝှက်လှုပ်ရှား‌တဲ့နေရာမှာ သူမတူအောင်ညံ့ဖျင်းနေတာကြောင့် ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်နေရပါတယ်။ ဒီတော့ ကြွက်ငှက်လေးရော်ဘင်တစ်ယောက် အိမ်ကနေခိုးထွက်ပြီး ကြွက်ဖြစ်ချင်တဲ့ဆန္ဒပြည့်အောင် ဟူးမန်းတွေရဲ့အိမ်ထဲက ခရစ်စမတ်သစ်ပင်ကကြယ်ပွင့်ကိုခိုးဖို့ကြံစည်ရာက အလွဲပေါင်းသောင်းခြောက်ထောင်နဲ့ကြုံတဲ့အပြင် ဟူးမန်းရဲ့မြောင်မြောင် ကြောင်ဆိုးကြီးတစ်ကောင်နဲ့ပါ ရင်ဆိုင်ရတဲ့အခါ… ကဲ ကြွက်ငှက်လေး‌ရော်ဘင်တစ်ယောက် ခရစ်စမတ်မှာ သူ့ရဲ့ဆန္ဒတွေ ပြည့်ဝမလား။ ကြောင်ရဲ့ညစာဖြစ်မလားကိုတော့ ပရိသတ်ကြီးတို့ပဲ ကြည့်ရှုအဖြေရှာလိုက်ကြပါတော့။ ။