Movie Name
Romantic (2021)
Year
2021
Generes
Action, Drama, Romance
Code
IND0218
Type
Movie
Size
1.46 GB
Country
Bollywood
Description
ဒီနေ့ထွက် အိန္ဒိယတောင်ပိုင်း Action,Drama,Romance ကားလေးတင်ဆက်လိုက်ပါတယ်။ လူဆိုးတွေဆိုတာ လူကောင်းတွေလားလို့ မေးလိုက်ရင် အရူးလားဆိုပြီး တုံ့ပြန်ကြမယ်ထင်ပါတယ်။ လူဆိုးဆိုတာကရော လူကောင်းမဖြစ်နိုင်ဘူးလားလို့ မေးစရာလိုတဲ့ အကြောင်းတွေ သပွတ်အူ လူ့လောကကြီးမှာ ရှိတယ်ဆိုပါစို့။ ဗက်စကို နဲ့ အန်နီဆိုတဲ့ သူငယ်ချင်း နှစ်ယောက်က ဆင်​ခြေဖုံးရပ်ကွက်မှာ ​နေထိုင်ကြတဲ့ လူဆင်းရဲလေးတွေပါ။ ဗက်စကိုဟာ ရဲတစ်​ယောက်ရဲ့သားဖြစ်​ပေမယ့် အ​ဖေကိုသတ်သွားတဲ့ လူဆိုးကို ရှာ​ဖွေရင်း လောကကြီးရဲ့ မျက်လှည့်စင်မြင့်ပေါ်မှာ သူကိုယ်တိုင် လူဆိုးဂိုဏ်းဝင်တစ်ဦးဖြစ်လာခဲ့ပါ​တယ်။ သူ့ရဲ့ အချစ်ဆုံး ငယ်သူငယ်ချင်း အန်နီကလည်း သူ့​နောက် တစ်​ကောက်​ကောက်​ပေါ့။ တစ်​နေ့မှာ​တော့ ဗက်စကိုဟာ မိုနီကာဆိုတဲ့ ရဲတစ်​ယောက်ရဲ့ညီမကို ချစ်ကြိုက်မိပါ​တော့တယ်။ လူဆိုးဘဝနဲ့ ကျင်လည်ရင်း အ​ဖေကိုသတ်သွားတဲ့ လူဆိုးရဲ့ ဘိန်းကုန်စည်​တွေကို ဖြတ်ခုတ်ပြီး သူ​နေထိုင်ရာ ရပ်ကွက်​လေးရဲ့ တိုးတက်ရာတိုးတက်​ကြောင်းကို ကူညီ​နေတဲ့ Robin Hood လက်သစ်​လေး ဗက်စကိုဟာ မိုနီကာကို ချစ်​ပေမယ့် တပ်မက်တယ်လို့ပဲ ထင်ခဲ့မိတယ် အချစ်ကို ဝန်မခံရဲခဲ့ဘူး။ သူတို့၂ဦးကလည်း Living the Moment ကို အပြည့်အဝခံစားကြ ရိုကြပေါ့။ အခက်အခဲ​တွေကြား ပြဿနာ​တွေကြားမှာ ဗက်စကိုတစ်​ယောက် သူ့ရဲ့အချစ်​တွေကို နားလည်သွားနိုင်မလား။ ဗက်စကို နောက်ကို အသည်းအသန်လိုက်နေတဲ့ လက်ထောက် ကော်မရှင်နာ မမကြီးကပဲ သူ့ကို သံတိုင်တွေနောက်ပို့တာ ခံရမလား။ သူ့ဖခင်အတွက် ပြန်လည် လက်စား​ချေနိုင်မလားဆိုတာ​တော့ ROMANTIC ဆိုတဲ့ ဒရာမာအက်ရှင်ကား​လေးကို အား​ပေးကြလိုက်ပါဦး။