-
Movie Name
-
အမှန်တရား၏နှင်းဆီဖြူ (Kularb Tud Petch) (2016)
-
Year
-
2016
-
Generes
-
Action, Romance
-
Code
-
ST0416
-
Type
-
Series
-
Size
-
8.86 GB
-
Country
-
Thai
-
Description
-
ဦးဦးနဲ့ ခေး Ro မဲ့ ဇာတ်ကားလေး👇🏻💖😍
"အမှန်တရား၏နှင်းဆီဖြူ"
အက်ရှင် အချစ် အမုန်း နာကြည်းမှု ပျော်ရွှင်မှု စတဲ့ခံစားချက်မျိုးစုံကိုသရုပ်ဖော်ထားတဲ့ကားလေးဖြစ်လို့ ရင်ဖိုလိုက် ရင်ခုန်လိုက်နဲ့ရှယ်ကြည့်ရမှာပါ။ကဲ ဒီတော့ သိပ်မကြာခင်တင်ဆက်ပေးမဲ့ ဒီကားလေးကို မင်မင်တို့ကနေ ဇာတ်ညွှန်းလေးနဲ့အမြည်းအရင်ချကျွေးပါမယ်ရှင်😘
" ကန်ယိကား '' ဟာ ငယ်ရွယ်ပြီးဆွဲဆောင်မှုရှိတဲ့မိန်းကလေးတစ်ဦးပါ။အဒေါ်ဖြစ်သူနဲ့စားသောက်ဆိုင်လေးဖွင့်ထားပြီး အဆိုတော်အဖြစ်ဖျော်ဖြေပေးတယ်။ပုံဆွဲရတာကိုနှစ်သက်တယ်။အများအမြင်မှာတော့ ချစ်စရာကောင်းတဲ့ သာမန်မိန်းကလေးတစ်ဦးပါပဲ။ဒါပေမယ့် '' ကန်ယိကား '' ဟာလျှို့ဝှက်ချက်တွေနဲ့ မိန်းကလေးတစ်ယောက်ဆိုတာကိုတော့ဖုံးကွယ်ထားပါတယ်။
'' ဓနုဖို့ '' ဟာလည်းကျောက်မျက်ရတနာနယ်ပယ်မှာ ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ပါ ဒါပေမယ့် ဓနုဖို့ဟာလည်း '' ကန်ယိကား '' လိုပဲ လျှို့ဝှက်ချက်တွေရှိနေပြန်ပါတယ် ကဲ ဒီတော့ လျှို့ဝှက်ချက်တွေနဲ့လူသားနှစ်ဦးဆုံတွေ့ပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲနော် (စောင်လည်းနည်းနည်းတော့ကိုက်ရမှာပေါ့နော်😌) ဒါ့အပြင် မတူညီတဲ့လျှို့ဝှက်ချက်တွေကနေ လိုချင်တဲ့ပန်းတိုင်ကို နှစ်ယောက်သားပူးပေါင်းဆောင်ရွက်ရင်း ဘယ်လိုမျိုးအချစ်စစ်တွေပေါက်ဖွားလာမလဲ?........
ကဲ သိချင်နေပြီဟုတ်😉 မင်မင်လဲသိချင်နေပြီ🤣
တကယ်အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်လို့ မင်မင်တို့နဲ့အတူကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်နော်🙆
ပြီးတော့ဒီဇာတ်လမ်းလေးဟာ ထိုင်းနိုင်မှာအရမ်းနာမည်ကြီးခဲ့တဲ့ ဝတ္ထုကိုပြန်ရိုက်ထားတဲ့ကားလေးဖြစ်ပါတယ်။ဝတ္ထုကလဲအောင်မြင်သလို ဇာတ်လမ်းပြန်ရိုက်တဲ့အခါလဲ အောင်မြင်မှုတွေရရှိခဲ့တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။