-
Movie Name
-
မြင့်မြတ်သောသူ (Nark Boon Song Klot) (2017)
-
Year
-
2017
-
Generes
-
Action, Drama
-
Code
-
ST0417
-
Type
-
Series
-
Size
-
8.42 GB
-
Country
-
Thai
-
Description
-
မြင့်မြတ်သောသူ"
မြန်မာစာတန်းထိုး(အစမှအဆုံးထိ)
Main Cast
နတ်ဘွန်းစွန်ကလွတ် အဖြစ် Mik Thongraya
ထီရန်းဟော် အဖြစ် Green Ausadaporn
တပ်ကြပ်နတ်ဘွန်း(Mik)ဟာ အစိုးကအလုပ်မှနုတ်ထွက်ပြီး ဗီယက်နမ်စစ်ပွဲတွင်ကြေးစားအဖြစ်လုပ်ကိုင်နေသူဖြစ်ပါတယ်။
တနေ့မှာ နယ်စပ်က ဘားတစ်ခုတွင် အမေရိကန်ဆာဂျင်တစ်ဦးနှင့် စကားများကြရာမှ သေနတ်ချော်ပြီး အမေရိကန်စစ်သားတစ်ဦးကို ထိမှန်ကာ သေဆုံးသွားပါတော့တယ်။
ထိုအချိန်မှစ၍ အမေရိကန်ဘက်က နတ်ဘွန်း(Mik)အား အသေရရ အရှင်ရရ လိုက်ဖမ်းကြပြီး အသက်လုထွက်ပြေးစဉ် ဘုန်းကြီးတစ်ပါးရဲ့ ကယ်တင်မှုကြောင့် အသက်ရှင်ခဲ့ပါတယ်။
ဘုန်းဘုန်းက နတ်ဘွန်း(Mik)အား ဂျပန်ခေတ်ကရွှေနှင့် သက်ဆိုင်သည် ချိန်သီးတစ်ခုပေးခဲ့ပြီး နိုင်ငံတော်ကို အကျိုးပြုနိုင်ရန်အတွက် ရနောင်းမြို့သို့ စေခိုင်းခဲ့ပါသည်။
နတ်ဘွန်း(Mik)လဲ ဘုန်းဘုန်းက အသက်ကယ်ပေးတဲ့အတွက်ကြောင့် ရွှေများရှာရန် ရနောင်းမြို့ကို ထွက်ခွာခဲ့ပါတယ်။
ဘန်ကောက်မြို့မှ သစ်စီးပွားရေးလုပ်ငန်းရှင်၏ တစ်ဦးထဲသောသမီး ထီရန်းဟော်(Green)ဟာလဲ ဖခင်နှင့်အတူ သစ်တောစူးစမ်းလေ့လာရန် ရနောင်းကိုထွက်လာကြတဲ့အခါ ကံအကြောင်းတိုက်ဆိုင်ပြီး နတ်ဘွန်း(Mik)နှင့် မည်ကဲ့သို့ဆုံကြမလဲ?
ထိုအချိန်က ရနောင်းမြို့ဟာ ဓားပြတွေ ကြီးစိုးနေတဲ့ကာလဖြစ်ပါတယ်။ ဓားပြတွေက ရွှေအကြောင်းသိသွားတဲ့အခါ မည်သို့ဖြစ်မလဲ?
အခြားသော မည်သူတွေကလဲ ကိုယ်ကြိုးအတွက် ရွှေကိုရှာမလဲ?
ထီရန်းဟော်(Green) အဖေကရော တကယ်ရော သစ်တောလာစူးစမ်းတာဟုတ်ရဲ့လား?
နတ်ဘွန်း(Mik)ကို အသေရရ အရှင်ရရလိုချင်နေတဲ့ အမေရိကန်ဆာဂျင်ကရော ရနောင်းထိလိုက်ပြီး မည်သို့ဒုက္ခပေးမလဲ?
အားလုံးလိုက်ရှာနေကြတဲ့ရွှေတွေကရော တကယ်ရောရှိရဲ့လားဆိုတာကို All Drama Worldက တင်ဆက်မဲ့ ~~မြင့်မြတ်သောသူ~~ဆိုတဲ့ဇာတ်ကားလေးကို ဆက်လက်ကြည့်ရှူလိုက်ရအောင်