Movie Name
The Humans (2021)
Year
2021
Generes
Drama
Code
EN0751
Type
Movie
Size
998 MB
Country
Hollywood
Description
The Humans(2021) အညွှန်း *********************** ဒါကတော့ စီးမြောခံစားသက်ဝင်လို့ရတဲ့Drama ရုပ်ရှင်ကားတစ်ကားပါ။ ပြဇာတ်ဆရာ Stephen Karamက သူ့ရဲ့Tony awardဆုရထားတဲ့ The Humansပြဇာတ်အပေါ်မှာပဲ ဇာတ်အိမ်တည်ပြီး ဒီကားကိုဒါရိုက်တာလုပ်ပြီးရိုက်ထားတာပါ။ ဇာတ်လမ်းကတော့ ရည်းစားဖြစ်သူ ရစ်ချက်နဲ့ နယူးရောက်ကတိုက်ခန်းဟောင်းကို ပြောင်းနေတဲ့ ဘရစ်ဆီကို ဘရစ်ရဲ့မိသားစု (ဘလိတ်ခ်မိသားစု)ကအလည်လာပြီး ကျေးဇူးတော်နေ့ညကိုအတူကုန်ဆုံးတာကိုပဲ ကောင်းမွန်တဲ့ရိုက်ချက်တွေနဲ့ စိတ်ခြောက်ခြားစရာဖြစ်အောင် ခံစားချက်ကိုအသားပေးပြီး ရိုက်ပြထားတာပါ။ ဘလိတ်ခ်မိသားစုမှာ စိတ်မမှန်တော့ပဲဝှီးချဲနဲ့နေနေရတဲ့အဖွားရယ် ၊ အထက်တန်းကျောင်းမှာနှစ်အကြာကြီးအလုပ်လုပ်ခဲ့ပြီး စိတ်ခြောက်ခြားမှုတွေနဲ့အိပ်မက်ဆိုးတွေကိုရင်ဆိုင်နေရတဲ့ ဖခင်ဖြစ်သူရယ်၊ မိသားစုကိုချစ်ခင်ပေမယ့် ကိုယ်တိုင်လည်းခံစားနေရတာတွေရှိတဲ့မိခင်ဖြစ်သူရယ် (သူကတော့ The Humansပြဇာတ်မှာ Tony Awardဆုရခဲ့တဲ့သူကိုယ်တိုင်ပြန်သရုပ်ဆောင်ထားတာပါ)က အခြေကျရာမြို့လေးမှာပဲကျန်နေခဲ့ပြီး အေမီနဲ့ဘရစ်တို့ညီအစ်မကတော့ မြို့ကြီးတွေဆီကိုအသီးသီးထွက်ခွာသွားခဲ့ကြသူတွေပေါ့။ ပုံမှန်မိသားစုလေးက ညစာအတူစား၊လက်ဆောင်တွေဖောက်နဲ့ရယ်မောနေပေမယ့်လည်း ဝေးကွာနေခဲ့တဲ့ မိသားစုဝင်တွေအကြားမှာ တင်းမာမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ ၊ ပြောမထွက်တဲ့အကြောင်းအရာတွေနဲ့ ပြင်းထန်တဲ့ခံစားချက်တွေရှိ‌နေတာကို လှစ်ဟပြသထားတဲ့ဇာတ်ကားပါ။ The Humansဇာတ်ကားမှာ အဖွား၊ အဖေ၊ အမေ၊ ညီအစ်မနှစ်ယောက်နဲ့ ဘရစ်ရဲ့ရည်းစား ရစ်ချက်ဆိုပြီး လူသားဇာတ်ကောင်ခြောက်ယောက်ပါပြီးတော့ ၇ယောက်မြောက်ဇာတ်ကောင်အဖြစ်ကိုတော့ ယိုယွင်းနေတဲ့တိုက်ခန်းကို ဒါရိုက်တာကရည်ညွှန်းပါတယ်တဲ့။ ခံစားသက်ဝင်ကြပါဦးး…