Movie Name
Reflection Of You (2021)
Year
2021
Generes
Drama
Code
SKR0538
Type
Series
Size
9.18 GB
Country
Korea
Description
ဇာတ်လမ်းအညွှန်း သူမရဲ့လိုအင်ဆန္ဒတွေကို ယုံကြည်မှုအပြည့်ရှိခဲ့အမျိုးသမီးတစ်ဦးနဲ့ တခြားအမျိုးသမီးတစ်ဦးနဲ့ တွေ့ဆုံမှုကြောင့် သူမရဲ့ဘဝအလင်းရောင် ပျောက်ဆုံးသွားရတဲ့ အမျိုးသမီးလေးတစ်ဦး သူတိုနှစ်ဦးကြားက အချစ် သစ္စာဖောက်မှု အကျင့်ပျက်မှုနဲ့ လက်စားချေမှုတွေကို ထုတ်ဖော်ပြသထားတဲ့ ဇာတ်ကားလေး Hee Joo ဟာ ငယ်ရွယ်စဥ်အခါက ဆင်းရဲပြီး ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေရှိခဲ့ပါတယ် သိုပေမယ့် အခုချိန်မှာတော့ သူမဟာ အောင်မြင်တဲ့ ပန်းချီဆရာမနဲ့ essayist တစ်ဦးဖြစ်လာတဲ့အပြင် သူမရဲ့ခင်ပွန်းဟာဆိုရင်လည်း အောင်မြင်နေတဲ့လူတစ်ဦးဖြစ်ပြီး သူတိုကလေးနှစ်ယောက်ရှိပါတယ် အရမ်းကို အားကျစရာကောင်းတဲ့ မိသားစုလေးပေါ့ ဒါပေမယ့် အပေါ်ယံကြည့်ပြီး မဆုံးဖြတ်လိုက်ပါနဲ့ အရာရာပြည့်စုံနေတဲ့ Hee Joo ဟာ သူမရဲ့ဘဝကို အဓိပ္ပါယ်မဲ့စွာနဲ့ ကုန်ဆုံးနေရတယ်လို ခံစားလာရပါတယ် အဲအချိန်မှာ သူ့ရဲ့ငယ်ဘဝနဲ့ တစ်ထပ်တည်းတူတဲ့ အမျိုးသမီးတစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ် သိုသော်လည်း ထိုအမျိုးသမီးလေးဟာ ဆင်းရဲပေမယ့် အမြဲတမ်းတောက်ပနေတာကို မြင်လိုက်ရတဲ့အချိန် Hee Joo တစ်ယောက် ဘယ်လိုတွေတွေးမြင်မိမလဲ အဲ့အမျိုးသမီးလေးနဲ့ ဇာတ်လမ်းလေးကရော ဘာတွေများလဲ ဆိုတာကိုတော့…. အပတ်စဥ် Wednesday နဲ့ Thursday မှာထွက်ရှိမယ့် ဒီဇာတ်ကားလေးမှာ စောင့်ကြည့်အားပေးနိုင်ပါတယ်