-
Movie Name
-
Longing Heart, My First Love(2018)
-
Year
-
2018
-
Generes
-
Comedy, Romance
-
Code
-
SKR0204
-
Type
-
Series
-
Size
-
4.38 GB
-
Country
-
Korea
-
Description
-
MDb rating 7.3/10 ကျွန်မတို့ဘဝမှာ အချစ်ဦးတစ်ယောက်တော့ရှိဖူးခဲ့ကြမှာပါ သူနဲ့ကိုယ်က ဘယ်လိုမှမနီးစပ်နိုင်ခဲ့တာကြောင့်ဖြစ်စေ နီးစပ်နေရဲ့သားနဲ့ အခြေအနေတစ်ခုကြောင့် ဖွင့်မပြောနိုင်ခဲ့တဲ့အခါမှာဖြစ်စေ ဒီလိုအကြောင်းတွေကြောင့် အချစ်ဦးနဲ့လွဲခဲ့ကြရပါတယ် ။ အသက်တွေကြီးလာသည့်တိုင် ငယ်ငယ်က အချစ်ဦးကို မမေ့နိုင်ပဲ သတိတရနေရှိတတ်ကြတာ လူတွေရဲ့ထုံးစံပါပဲ။ ဒီဇာတ်ကားမှာတော့ ၂၀၁၇မှာရှိနေတဲ့ ဆရာတစ်ယောက်ဖြစ်တဲ့ ဂန်ရှင်းဝူး က သူဖွင့်မပြောရဲခဲ့လို့လက်လွှတ်ခဲ့ရတဲ့အချစ်ဦးနဲ့ ပါတ်သက်ပြီးနောင်တတွေနဲ့ နေထိုင်နေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ အချိန်လွဲချော်မှုတွေကြောင့် ဂန်ရှင်းဝူးက မတော်တဆ လွန်ခဲ့တဲ့၁၀နှစ်ကို ပြန်ရောက်သွားပါတယ်။ အချစ်ဦးနဲ့ ဝေးခဲ့ရတဲ့သူ့အတွက်တော့ ဒါက ကြီးမားတဲ့အခွင့်အရေးတစ်ရပ်ဖြစ်လာပါတယ်။ လွန်ခဲ့တဲ့၁၀နှစ်မှာရှိခဲ့တဲ့ ၁၈နှစ်အရွယ် ကျောင်းသား ဂန်ရှင်းဝူးကို သူ့crushဖြစ်တဲ့ ဟန်ဂျီဆိုနဲ့ နီးစပ်အောင် ပြန်ကူညီဖို့ကြိုးစားခဲ့ပါတယ် ။ အဲ့အချိန်မှာ ဟန်ဂျီဆိုက အထင်မှားပြီး ဆရာ ဂန်ရှင်းဝူးအပေါ်မှာ မေတ္တာရှိလာတဲ့အခါ ရှုပ်ထွေးမှုလေးတွေစတင်လာပါတယ်။ ဒီဇာတ်လမ်းတွဲလေးက တကယ်ကိုဆွဲဆောင်မှုရှိပြီး ကြည်နူးစရာကောင်းတဲ့ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ အချိန်ခရီးသွားဖြစ်တဲ့အတွက်အစပိုင်းမှာ ကြည့်ရတာ အနည်းငယ် ရှုပ်ထွေးပေမဲ့ ဇာတ်ကောင်တွေရဲ့ အချစ်ဦးအပေါ်လေးနက်မှုကိုတဖြည်းဖြည်းချင်း ပေါ်လွင်လာအောင်ပြသွားတဲ့ ဇာတ်လမ်းပုံစံမျိုးဖြစ်ပါတယ်။ အနာဂတ်ကိုပြောင်းလဲဖို့ကြိုးစားတဲ့နေရာမှာလဲ ကိုယ့်တွေးထားတာနဲ့မတူညီတဲ့ အချိုးအကွေ့လေးတွေကို ကြည့်ရှုရမှာပါ။ Main lead ဂန်ရှင်းဝူး တစ်ယောက်တည်းဖြစ်ပေမဲ့ အသက်အရွယ် အပိုင်းအခြားမတူတဲ့အခါမှာ အချစ်အပေါ်ထားတဲ့အမြင် သဘောထားတွေ မတူညီတာကို တွေ့မြင်ရမှာပါ။ ဒီကားမှာတော့ CN Blue ရဲ့ အငယ်ဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Lee Jung Shin က ဂန်ရှင်းဝူးအနေနဲ့ ပါဝင်ထားတာဖြစ်ပါတယ်။