Movie Name
Drushyam 2 (2021)
Year
2021
Generes
Drama, Thriller
Code
IND0227
Type
Movie
Size
1.31 GB
Country
Bollywood
Description
Drushyam 2 (2021) ဇာတ်အိမ်ခိုင်ခိုင်နဲ့ လျှို့ဝှက်နက်နဲတဲ့ မှုခင်း-ဒရမ်မာဇာတ်လမ်းမျိုးကိုမှ ကြည့်ချင်သူတွေအတွက် အိန္ဒိယရုပ်ရှင်သစ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၁၄ ခုနှစ်က Drushyam ဇာတ်လမ်းရဲ့ နောက်ဆက်တွဲလည်းဖြစ်ပါတယ်။ ဒီကားဟာ ပထမ Drushyam ရုပ်ရှင်ထဲက အဖြစ်အပျက်တွေအပြီး ၆ နှစ်ကြာကာလကို အခြေတည်ထားတာပါ။ လူသတ်မှုဖြစ်ပြီး ၆ နှစ်အကြာမှာ ရမ်ဘာဘူတို့မိသားစုဟာ အေးအေးချမ်းချမ်း နေထိုင်နေကြပါပြီ။ ရမ်ဘာဘူကိုယ်တိုင်လည်း ရုပ်ရှင်လုပ်ငန်းနဲ့ အောင်မြင်တဲ့စီးပွားရေးသမား ဖြစ်လာပါတယ်။ တစ်နေ့မှာတော့ (လွန်ခဲ့တဲ့ ၆ နှစ်) သူတို့ပြစ်မှုကျူးလွန်စဉ်က မျက်မြင်သက်သေတစ်ယောက်ထွက်ပေါ်လာပြီး သေဆုံးသူ ဗာရွန်းရဲ့အလောင်းဟာလည်း ရဲစခန်းထဲမှာ အရိုးစုအဖြစ် တူးဖော်ရရှိခဲ့ပါတယ်။ အဲဒီကစပြီး ရမ်ဘာဘူတို့မိသားစုအတွက် မုန်တိုင်းထန်ပါတော့တယ်။ အရင်ကတည်းက သံသယရှိသူတွေအဖြစ် စွပ်စွဲခံခဲ့ရပေမဲ့ ကံကောင်းထောက်မစွာ လွတ်မြောက်သွားခဲ့ကြသူတွေပါ။ ဒီတစ်ခေါက်မှာရော ရမ်ဘာဘူနဲ့ သူ့မိသားစုလွတ်မြောက်နိုင်သွားဦးမလား၊ ရဲတွေက ဘယ်လို စုံစမ်းဖော်ထုတ်သွားမလဲ၊ ရမ်ဘာဘူကရော ဘယ်လိုအကွက်ချထားမလဲဆိုတာ… ရဲတွေနဲ့ ဉာဏ်ပြေးတဲ့ ရမ်ဘာဘူကြားက အားပြိုင်မှုတွေကို စိတ်၀င်တစားကြည့်ရမှာ ဖြစ်ပါတယ်။ တကယ့်လက်တွေ့ဘ၀မှာလည်း ဒီရုပ်ရှင်ထဲကလို တရားခံသိနေရက်နဲ့ သက်သေမခိုင်လုံလို့ အပြစ်မပေးနိုင်တဲ့ အဖြစ်တွေ၊ အပြစ်ရှိမှန်းသိသိကြီးနဲ့ ထိုင်ကြည့်နေရတဲ့အဖြစ်တွေက နိုင်ငံတိုင်းမှာ ရှိပါတယ်။ ပြစ်မှုကျူးလွန်သူအနေနဲ့ ဥပဒေကြောင်းအရ အပြစ်ပေးမခံရဘူးဆိုရင်တောင် အပြစ်လုပ်တဲ့အတွက်ရတဲ့ နောင်တ၊ သူများသိသွားမလားဆိုတဲ့ စိတ်မလုံခြုံမှုတွေနဲ့ တစ်သက်လုံးနေထိုင်သွားရမှာပါပဲ။ အဲဒီလိုသင်ခန်းစာတွေအပြင် မိသားစုမေတ္တာနဲ့ လူသဘောမနောကို ထင်ထပ်ပြီး ရသစုံလင်စွာရိုက်ကူးထားတာကြောင့် တကယ်ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းကောင်းအဖြစ် ညွှန်းပေးလိုက်ပါရစေနော်။