Movie Name
မင်းနဲ့အတူလှပသောနေ့စွဲများဆီသို့ (Reset In July)
Year
2021
Generes
Comedy, Romance
Code
SC0390
Type
Series
Size
8.98 GB
Country
China
Description
မင်းနဲ့အတူ လှပသောနေ့စွဲများဆီသို့ ဒီတစ်ခါ ကျောင်းသား ကားအသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးမယ်နော် Friendship,School,Youthပုံစံရိုက်ထားတာဖြစ်လို့ လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးကားမျိုးလေးပါ ၁၇နှစ်အရွယ်ကျင်းကျီဝေ့ဟာကားအက်ဆီးဒန့်ဖြစ်ပြီးနောက် သူတက်ရောက်လိုတဲ့အတန်းကိုလက်လျော့ခဲ့ရပါတယ် အဲ့အစားဝင်ခွင့်ရတဲ့အတန်းကတော့တတိယနှစ်ရဲ့batch11ပါ သူနဲ့အဆင်မပြေတဲ့အတွက်အတန်းကနေထွက်သွားဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး အဲ့ဒါနဲ့သူဟာစာသင်နှစ်ဝက်ရောက်ရင်စာတော်ပြီးစမတ်ကျတဲ့ကျောင်းသားမျိုးဖြစ်လာရမယ်လို့မျှော်လင့်ချက်ထားခဲ့ပါတယ် အဲ့လိုဖြစ်လာဖို့ သူ့ရဲ့အတန်းဖော်တွေကိုချဉ်းကပ်ဖို့လုပ်ခဲ့ပါတယ် တဖြည်းဖြည်းနဲ့သူရဲ့အတန်းဖော်တွေနဲ့ရင်းနှီးလာခဲ့ပြီး batch11ရဲ့အစိတ်အပိုင်းတစ်ခုလိုဖြစ်လာပါတော့တယ် ကျောင်းသားတွေအချင်းချင်းပိုမိုနားလည်မှုတွေရရှိခဲ့ပြီး စာမေးပွဲကြီးအပြီးမှတော့ကိုယ်စီရည်မှန်းထားတဲ့တက္ကသိုလ်တွေဆီတက်ရောက်နိုင်ခဲ့ပါတယ် လူငယ်သဘာဝ လွတ်လပ်တဲ့အတွေးအခေါ်တွေနဲ့အမှတ်တရတွေကို တဖန်ပြန်တမ်းတလာမိစေမှာပါ ဒီကားလေးကိုဟာသရောလေးတွေနဲ့ပါတင်ဆက်ထားတာဖြစ်လို့ လူငယ်ဆန်တဲ့အငွေ့အသက်ကိုခံစားမိစေမှာပါနော် ကိုယ်တွေရဲ့ကျောင်းသားဘဝကိုရောဘယ်လိုဖြတ်သန်းခဲ့ကြလဲ ဘယ်လိုအလွဲလေးတွေကြောင်း ခွီခဲ့ရလည်း အုပ်စုလိုက်ကျောင်းပြေးဖူးတာတွေရော ကိုယ့်ရဲ့ကျောင်းတုန်းက crhကိုပါပြန်မြင်ယောင်လာရမယ့်ကားလေးပါ ပေါ့ပေါ့ပါးပါးနဲ့ ဘဝအမောလေးတွေ ဖြေချင်တဲ့သူတွေ တကယ်ကြည့်သင့်တဲ့ကားနော် ဇာတ်ကားလေးက၂၅ပိုင်း ပြသမှာဖြစ်ပြီး တစ်ပိုင်းကို၄၅မိနစ်ခန့်ကြာမြင့်မှာပါ ပါဝင်တဲ့သရုပ်ဆောင်တွေကလည်း ပရိတ်သတ်နဲ့ ရင်းနှီးပြီးသားတွေချည်းပဲနော် Xiao Yu- Main role Zhao Ye- Main role(world of honorမွာပါတဲ့ ဝမ်းခဲ့ရှင်ဘေးက သခင့်ကိုအရမ်းချစ်တဲ့ စွာစိလန် ကောင်မလေးနော် အခုတရုတ်မှာလည်းနာမည်ကြီးနေတဲ့တက်သစ်စမင်းသမီးတစ်လက်ပါ) Gala Zhang-main role (သူကလည်း Love Like White Jade ထဲက ထူးခြားတဲ့အသံပိုင်ရှင်လေး ကျန်ပိုင်ယြိ) နဲ့ Shu Ya - support တို့ဖြစ်ပါတယ် Soul က တင်ဆက်ပေးသွားမဲ့ ဒီကားလေးကိုကြည့်ရင်း ကိုယ်ရဲ့ကျောင်းသားဘဝ အလွမ်းလေးတွေလည်းဖြေဖျောက်နိုင်ပါစေရှင်