-
Movie Name
-
ချစ်ခြင်းဖွဲ့မှုတ်သုန် (ဝသာန်ဦးရဲ့ မှုတ်သုန်) (Morrasoom Sawaat)
-
Year
-
2015
-
Generes
-
Drama, Romance
-
Code
-
ST0259
-
Type
-
Series
-
Size
-
14.4 GB
-
Country
-
Thai
-
Description
-
စယုံဖုအဖြစ် Weir Sukollowat
ကူမာလိကာ (ကွမ်) အဖြစ် Preaw Tasaneeya တို့ကအဓိကပါ၀င်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းအကျဉ်းလေးက...
စယုံဖု (Weir) က ယခင်ကမာဖီယားတစ်ယောက်အဖြစ်ဘ၀ကိုဖြတ်သန်းခဲ့ပြီးနောက်
အခုလက်ရှိတော့ ကုမ္ပဏီရဲ့ CEO တစ်ဦးအဖြစ်နဲ့ဘ၀ကိုရပ်တည်နေသူပေါ့
သူ့ရဲ့အမေကသူနဲ့သူ့အဖေကိုထားသွားခဲ့ပြီးချမ်းသာတဲ့အလုပ်ရှင်တစ်ယောက်နောက်လိုက်ပြေးသွားခဲ့တယ်
အဲ့ပြီးနောက် သူ့အဖေကလည်းသူ့ကိုယ်သူအဆုံးစီရင်သွားခဲ့တယ်
အဲ့အတိတ်ဆိုးကြောင့်ပဲ စယုံဖုက မိန်းမတွေအပေါ်အယုံအကြည်မဲ့နေသူတစ်ယောက်ဖြစ်လာခဲ့ရတယ်
မိန်းကလေးတွေကို တန်ဖိုးလည်းမထားတတ်ဘူး
စိတ်ဓာတ်ခက်ထန်သူတစ်ယောက်ဖြစ်လာခဲ့တယ်
တစ်နေ့မှာတော့ စယုံဖုက ကွမ် (Preaw) ဆိုတဲ့ကျောင်းသူမလေးတစ်ယောက်နဲ့ဆုံဆည်းခဲ့တယ်
အာ့နဲ့ပဲ စယုံဖုက သူ့အကျင့်အရ ကွမ်ကိုအကြံနဲ့ချဥ်းကပ်ပါတော့တယ်
ကွမ်ကစိတ်ထားကောင်းပြီးကြင်နာတဲ့နှလုံးသားရှိတဲ့ကောင်မလေး
ပေါ့
ကွမ်ကအကြံဆိုးနဲ့သူမဖခင်ကိုအကြွေးထဲနစ်အောင်လုပ်ပြီးသူကအကြွေးတွေကိုကူညီပြီးပြန်ဆပ်ပေးခဲ့တယ်
သူကူညီပေးခဲ့တဲ့အရာအတွက် သူကငွေပဲပြန်လိုချင်နေခဲ့တာမဟုတ်ဘူးပေါ့
ကွမ်ကိုပါအပိုင်သိမ်းချင်နေခဲ့တယ်
နောက်ကျရင်ရော.....
ကွမ်က စယုံဖုရဲ့ လှည့်စားမှုတွေကြားရောက်သွားမလား?
စယုံဖုကရော ကွမ်ကို အချစ်စစ်အချစ်မှန်နဲ့ချစ်သွားနိုင်မှာလား?
စိတ်ထားကောင်းတဲ့ ကွမ် နဲ့ စိတ်ခက်ထန်တဲ့ စယုံဖုတို့ကြား
ဆက်ဆံရေးတွေက ဘယ်လိုတွေဆက်ဖြစ်ပြီး ဘယ်လိုအဆုံးသတ်
သွားကြမလဲဆိုတာတော့ ဇာတ်ကားထဲမှာရင်ခုန်စွာစောင့်ကြည့်လိုက်
ကြပါစို့ရှင့်
လုံး၀ကောင်းတဲ့ဇာတ်ကားလေးမို့ လက်မလွတ်တမ်းကြည့်သင့်ပါတယ်နော်