Movie Name
Live Up To Your Name (ဒေါက်တာသမားတော်)
Year
2017
Generes
Drama, Fantasy, Romance
Code
SKR0205
Type
Series
Size
10.9 GB
Country
Korea
Description
ယခုတစ်ခါမှာတော့ FIVပရိသတ်တွေအတွက် ဆေးပညာအသားပေး တောင်ကိုရီးယားဒရာမာ ဇာတ်လမ်းတွဲ သစ်အကြောင်း ဖော်ပြလိုက်ပါတယ်။ ဒီဇာတ်လမ်းတွဲကို သြဂုတ် ၁၂ ရက်ကစပြီး tvN ရုပ်သံလိုင်းကနေ အပတ်စဉ်စနေ၊ တနင်္ဂနွေ ည ၉ နာရီမှာ ထုတ်လွှင့်နေတာ ဖြစ်ပြီး အပိုင်း ၁၆ ပိုင်းရှုစားရမှာပါ။ ၁၇ ရာစုနဲ့ ၂၁ ရာစုက ထူးချွန်တဲ့ ဆရာဝန်နှစ်ဦးရဲ့အကြောင်း ဇာတ်အိမ်တည်ထားတာဖြစ်ပြီး မတူညီတဲ့ ခေတ်နှစ်ခုကလူနှစ်ဦး ဆုံမိတဲ့အခါမှာ ကြုံရတဲ့အဖြစ်အပျက်တွေ ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဟိုအင်းဟာဂျိုဆွန်ခေတ်က သမားတော်တစ်ဦးဖြစ်ပြီးလူနာတွေအပေါ် စေတနာထားသလို သူ့ရဲ့ ပြောင်မြောက် တဲ့ ဆေးကုသမှုတွေကြောင့် ပြည်သူတွေ အားထားနေရသူတစ်ဦးပါ။ တစ်ရက်မှာတော့ ဘုရင့်ကိုယ်လုပ်တော်တစ်ဦးရဲ့ သားဆိုတဲ့ အကြောင်းအရာတစ်ခု ပေါ်ထွက်လာပြီး နောက်မှာတော့ ဟိုအင်းရဲ့ အောင်မြင်မှုတွေကို ပိတ်ဆို့လိုက်သလိုဖြစ်ခဲ့ပါတယ်။ နောက်တော့ သူ့ကိုမကျေ နပ်သူတွေရဲ့ ဒုက္ခပေးမှုကြောင့် ဟိုအင်းတစ်ယောက်မြားမှန်ပြီး ရေထဲကျခဲ့ကာ သူသတိပြန်ရချိန် မှာတော့ ထူးဆန်းတဲ့ကိစ္စရပ်တစ် ခုဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ ဂျိုးဆွန်ခေတ်က ဟိုအင်းတစ် ယောက် ယနေ့ခေတ်ဆိုးလ်မြို့ကို ရောက်နေလို့ပဲဖြစ်ပါတယ်။ ရှေးအဝတ်အစားကြီးနဲ့ဟို အင်းတစ်ယောက် ကိုယ်မသိတဲ့ အရပ်ပတ်ဝန်းကျင်မှာ ယောင်လည်လည်ဖြစ်ခဲ့သလို ခေတ်မီအဆောက်အအုံတွေ၊ စက်ပစ္စည်း တွေနဲ့ ထိတွေ့တဲ့အခါမှာ အလွဲ တွေကြုံရပါတော့တယ်။