Movie Name
Life On Mars
Year
2018
Generes
Crime, Drama, Fantasy
Code
SKR0206
Type
Series
Size
8.09 GB
Country
Korea
Description
2018 ခုနှစ် June လထဲမှာ OCN ရုပ်သံလိုင်းမှ ထုတ်လွှင့်တင်ဆက်ခဲ့တဲ့ Korea Crime , Fantasy , Drama , Science Fiction ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးပါရစေ … အခုခေတ်က စုံထောက်ခေတ်လို့တောင် ပြောလို့ရတယ်နော် … အသစ်ထွက်တဲ့ KDrama တိုင်းက စုံထောက်ကားကြီးပဲ … ဒီကားလေးကတော့ 2006 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ UK Series တစ်ခုဖြစ်တဲ့ Life on Mars ကိုပဲ အခြေခံပြီး ပြန်လည်ရိုက်ကူးထားတာပါ … ဇာတ်လမ်းလေးကတော့ – ဟန်ထေးဂျို ( Han Tae Joo ) ဟာ ဒေသဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဌာန ( RIU ) က စုံထောက်တစ်ယောက်ပါ … ရုပ်ရည်ချောမောတယ် , အရည်အချင်းရှိတယ် ဒါပေမဲ့ သူ့လုပ်ရပ်မှ မှန်တယ်ဆိုပြီး ယူဆတတ်တယ့် တစ်ကိုယ်ကောင်းဆန်တဲ့သူပေါ့ … တစ်ရက်မှာ လက်သည်းဆိုးနီ လူသတ်မှု ဆိုတဲ့ လူသတ်မှုတစ်ခုကို ဖော်ထုတ်ခွင့်ရခဲ့တယ် … မိန်းကလေးတွေကို စိတ္တဇဆန်ဆန်လိုက်သတ်ပြီး သေသူရဲ့ လက်သည်းမှာ လက်သည်းဆိုးနီလေး ပြန်ဆိုးပေးခဲ့တဲ့ အမှုပေါ့ … သက်သေအထောက်အထားတွေကိုလိုက်ရင်း သာမန်လူသတ်မှု တစ်ခုမဟုတ်ပဲ ကွင်းဆက်လူသတ်မှုတစ်ခုဆိုတာ သိလိုက်ရတယ် … အဲ့အမှုကို လိုက်ရင်း သူ့ရဲ့ ရည်းစားဟောင်း ရှေ့နေ့မလေးကို လူသတ်တရားခံလို့ ယူဆထားရတဲ့သူက ပြန်ပေးဆွဲခဲ့ပါတယ် … ထိုကောင်မလေးကို ကယ်တင်ဖို့ ကြိုးစားရင်း စုံထောက် ဟန်ထေးဂျို တစ်ယောက် သေနတ်ဒဏ်ရာရရှိကာ … တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ အိုလံပစ်အားကစား ပြိုင်ပွဲကျင်းပခဲ့စဉ်ကာလ ၁၉၈၈ သို့ ရောက်ရှိသွားပါတယ် … အဲ့နောက်မှာတော့ ထိုကာလ ၁၉၈၈ ခုနှစ်မှာ ၂၀၁၈ ခုနှစ်မှာ ရင်ဆိုင်နေရတဲ့ လူသတ်မှုမျိုးကို တွေ့ရှိခဲ့ရပါတယ် … ဒါကြောင့် သူ ၁၉၈၈ ခုနှစ်ကို ပြန်ရောက်နေရတဲ့ အကြောင်းပြချက်က ထိုကွင်းဆက်လူသတ်မှုရဲ့ ဇာစ်မြစ်ကို ဖော်ထုတ်ဖို့ပဲ ဆိုတဲ့ အချက်ကို သိရှိလိုက်ပြီးတဲ့အခါမှာတော့ ……..