-
Movie Name
-
Fall In Love (2021)
-
Year
-
2021
-
Generes
-
Historical, Romance, Thriller
-
Code
-
SC0397
-
Type
-
Series
-
Size
-
12.4 GB
-
Country
-
China
-
Description
-
Chen Xing Xu , Evan Lin , Zhang Jing Yi , Chen Xin Yu တို့ရဲ့ Fall In Love (2021) လေးလာပါပြီနော်
၁၉၂၆ခုနှစ်မှာ မိဘတွေကွဲသွားတာကြောင့် အမေဖြစ်သူနဲ့အတူဂျပန်မှာ၁၀နှစ်နေခဲ့တဲ့
မုဝမ်ချင်း( Zhang Jing Yi)ဟာ အမေဆုံးသွားပြီးနောက်နိုင်ငံကိုပြန်ပြီးအဖေဆီကိုပြန်လာခဲ့တယ်။
အစ်ကိုဖြစ်သူသေဆုံးမှုနဲ့ မိဘတွေကွဲကြတဲ့အကြောင်းအရင်းကိုစုံစမ်းဖို့ကိုရည်ရွယ်ချက်ထားခဲ့တယ်။
အဲဒီအချိန်မှာပဲ ရှန်ဟိုင်းစစ်တပ်တွင်းမှာတရားမဝင်အာဏာသိမ်းမှုဖြစ်လာခဲ့တယ်။
ထန်ရွမ်လင် ( Chen Xing Xu) ဟာနိမ့်ကျတဲ့မျိုးရိုးကြောင့် ရှန်ဟိုင်းမြို့ကာကွယ်ရေးအရာရှိဖြစ်လာခဲ့ပေမယ့်
လူတွေရဲ့လေးစားမှုကိုမရရှိတဲ့သူတစ်ယောက်ပါ (ကောင်လေးသနားပါတယ်)။
ရွီကွမ်းရောက် ( Evan Lin) ဟာ တပ်မှုးယွဲ့ချန်ရဲ့တစ်ဦးတည်းသောသားဖြစ်တယ်။
ငယ်စဉ်ကတည်းကအများလေးစားအားကျခံရတဲ့သူတစ်ယောက်ဖြစ်ပေမယ့်
သူကနိုင်ငံရေးနယ်ပယ်ကအာဏာပါဝါပြိုင်ဆိုင်မှုတွေကိုမနှစ်သက်ပါဘူး။
ကံကြမ္မာရေစက်ကြောင့် သူတို့လူငယ်သုံးယောက်ဟာသူငယ်ချင်းတွေဖြစ်သွားကြတယ်။
မုဝမ်ချင်းကမုမိသားစုအခြေခိုင်ဖို့ရည်ရွယ်ချက်နဲ့ရွီကွမ်းရောက်ကိုချဉ်းကပ်ခဲ့တယ်။
ထန်ရွမ်လင်ကအရင်ကမုမိသားစုအမှုကိုစုံစမ်းဖို့ရည်ရွယ်ချက်နဲ့မုဝမ်ချင်းကိုပူးပေါင်းဖို့ကမ်းလှမ်းခဲ့တယ်။
ရည်ရွယ်ချက်မတူကြတဲ့သူတို့၃ယောက်ဟာအချိန်ကြာလာတဲ့အမျှသံယောဇဉ်တွေချည်နှောင်မိလာကြတယ်။
နောက်ပိုင်းမှာကွန်မြူနစ်ပါတီထဲဝင်ပြီး နိုင်ငံကိုကာကွယ်ဖို့အရေးကြီးတာကိုနားလည်လာကြတယ်။
နိုင်ငံရေးအရှုပ်အထွေးတွေကြားကသူတို့ရဲ့ချစ်ဇာတ်လမ်းလေးဟာ
ဘယ်လိုဖြစ်လာမလဲဆိုတာကိုဆက်လက်ပြီးကြည့်ရှုအားပေးကြပါဦးနော်