Movie Name
The Unforgivable (2021)
Year
2021
Generes
Crime, Drama
Code
EN0770
Type
Movie
Size
945 MB
Country
Hollywood
Description
The Unforgivable (2021) အမှားမကျူးလွန်ဖူးတဲ့ ပုထုဇဉ်လူသားဆိုတာ လက်​​တွေ့ဆန်ဆန်​ ပြောရရင် မရှိနိုင်ပါဘူး။ လူတိုင်းအနည်းနဲ့အများ​​တော့ မှားခဲ့ဖူးတဲ့ အခိုက်အတံ့​တွေရှိမှာပါ၊ အဲဒီအမှားက ကြီးလား ​သေးငယ်လား၊ ခွင့်လွှတ်လို့ရလား မရဘူးလားဆိုတာက​တော့ ကိုယ့်အမှား​ကြောင့် နစ်နာသွားတဲ့ တစ်ဖက်လူရဲ့ Perspective​ပေါ်မှာပဲ မူတည်​နေမှာပါ ဒီရုပ်ရှင်ဟာ Netflixက အသစ်ထွက်ရှိထားတဲ့ Drama, Thriller ကားစစ်စစ်ဖြစ်ပြီး ဝါရင့်မင်းသမီးကြီး Sandra Bullockကိုယ်တိုင် ​ခေါင်း​ဆောင် ပါဝင်ထားပါတယ်။ 2009 ခုနှစ်က ထွက်ရှိခဲ့တဲ့ စီးရီးတို The Unforgiven ကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် Ruth Slater ဟာ ငယ်စဉ်ကကျူးလွန်ခဲ့တဲ့ ပြစ်မှုတစ်ခု​ကြောင့် နှစ်ရှည်​ထောင်ဒဏ် ချမှတ်ခံခဲ့ရသလို ညီမ​ဖြစ်သူ Katherineနဲ့ ​ဝေးခဲ့ရပါတယ်။ ထောင်ကလွတ်လာတဲ့အချိန်မှာ​တော့ ညီမဖြစ်သူကို ရှာ​ဖွေဖို့နဲ့ လူ့အသိုင်းအဝိုင်းထဲကို ပြန်ဝင်ဆံ့ဖို့ Ruthတစ်​ယောက် ကြိုးစားရပါ​တော့တယ်။ ဒါ​ပေမဲ့Ruthလွတ်လာတာကို မ​​ကျေနပ်တဲ့ Ruthရဲ့ အမှားကို ခွင့်လွှတ်နိုင်စွမ်းမရှိ​သေးတဲ့ နစ်နာသူမိသားစုက ကလဲ့စား​ချေဖို့ အပြင်းအထန်ကြိုးစားလာခဲ့တဲ့အခါ…. Ruth ကျူးလွန်ခဲ့တဲ့အမှားက ဘာများလဲ၊ ဘာ​ကြောင့် နစ်နာသူ​တွေ ခုချိန်ထိ ခွင့်မလွှတ်နိုင်ကြတာလဲ၊ အငြိုးနဲ့ အာဃာတ​တွေကြားထဲက Ruth အ​နေနဲ့ ညီမ​ဖြစ်သူနဲ့ ပြန်လည်ဆုံစည်းခွင့်ရမလားဆိုတာကို မင်းသမီးကြီးနဲ့အတူ ကိုယ်တိုင်လိုက်ပါ စီး​မျောခွင့်ရမယ့် တန်းမြင့် Dramaကားစစ်စစ်ပဲ ဖြစ်ပါတယ်