-
Movie Name
-
Let Me Introduce Her
-
Year
-
2018
-
Generes
-
Drama
-
Code
-
SKR0208
-
Type
-
Series
-
Size
-
6.21 GB
-
Country
-
Korea
-
Description
-
Dramaလေးအကြောင်း မပြောခင် ဒီကားလေးကို ဘာသာပြန်ဖြစ်တဲ့အကြောင်းရင်းက ကိုယ်တိုင်ကြည့်ရင်း ကြည့်ရင်း အရမ်းကို သဘောတကျဖြစ်မိလို့ ဝါသနာတူတွေ ကြည့်ရအောင် ပြန်ပေးဖြစ်တာပါ….. ဒီdramaလေးကို SBS ရုပ်သံလိုင်းက ထုတ်လွှင့်ပြသတာဖြစ်ပြီး စနေညတိုင်း မိနစ်( ၃၀)စာ အပိုင်း (၄)ပိုင်း ဆက်တိုက် ပြသတာဖြစ်ပါတယ်….. ဇာတ်လမ်းအကျဉ်းလေးကတော့…….. မျက်နှာခွဲစိတ်ပြုပြင်လိုက်တဲ့ မိန်းကလေး (ရှင်းဟွန်းဆော သို့မဟုတ် ဂျီအွန်းဟန်) တစ်ယောက်ဟာ ခွဲစိတ်မှု နောက်ဆက်တွဲအကျိုးဆက်ကြောင့် မှတ်ဉာဏ်တွေပျောက်ဆုံးပြီး အတိတ်မေ့သွားခဲ့ပါတယ်….. လှပချောမွေ့နေတဲ့မျက်နှာကို ဘာလို့ခွဲစိတ်ပြုပြင်ရလေသလဲ????? ကိုယ်ပိုင်ခွဲစိတ်ဆေးရုံအသေးစားလေး ဖွင့်ထားတဲ့ ဟန်းဂန်းဝူ ဆိုတဲ့ ခွဲစိတ်ဆရာဝန်လေးဟာ အဲ့မိန်းကလေးကို မျက်နှာခွဲစိတ်ပြုပြင်မှုလုပ်ပေးခဲ့တာဖြစ်ပြီး မှတ်ဉာဏ်တွေပျောက်ဆုံးသွားတဲ့ သူ့ လူနာမလေးကို မှတ်ဉာဏ်တွေပြန်ရအောင် ကူညီပေးရင်း အဲ့မိန်းကလေးရဲ့ သရုပ်မှန်က ဘာလဲဆိုတာ ကာယကံရှင်နဲ့အတူ လိုက်စုံစမ်းပေးရမှာဖြစ်ပါတယ်……. ဒေါက်တာလေးကရော လူနာမလေးကို လိုက်ကူညီပေးရင်း ဘာတွေသိလာရမလဲ ????? ဒါ့အပြင် ရုပ်ရည်ချောမောပြီး တည်ငြိမ်ပြတ်သားတဲ့ အသံနဲ့ ပျိုပျို အိုအို အသက်ကြီး ငယ် မရွေး အသည်းစွဲကြိုက်နှစ်သက်ကြတဲ့ သတင်းကြေငြာသူအမျိုးသား ဂန်ချန်းဂီ ဟာ Fine Cosmetics ဆိုတဲ့ နာမည်ကြီးအလှကုန် Company တစ်ခုရဲ့ ဥက္ကဌကြီးရဲ့သား ၊ Model တစ်ယောက်လည်း ဖြစ်ပါတယ်……. အများအမြင်မှာ အရှုပ်ရှင်းကင်းပြီး နွေးထွေးတဲ့လူလို့ ထင်ရတဲ့ သူ့မှာလည်း ဘယ်လို အမှောင်ခြမ်းတွေ ရှိနေမလဲ????? Anchor ဂန်ချန်းဂီတို့အိမ်ရဲ့ အိမ်ထိန်း အဖွဲ့ခေါင်းဆောင် ဂျောင်ဆူဂျင်း (Han Eun Jung)ကတော့ အိမ်ထိန်းအလုပ်တွေအပြင် ဥက္ကဌကြီး ညွှန်ကြားသမျှ၊Anchor ဂန် ခိုင်းစေသမျှကို လိုက်လုပ်ပေးရသူလည်း ဖြစ်ပါတယ်………. ခေါင်းဆောင်ဂျောင်မှာရော ဘယ်လိုအရှုပ်တွေ ရှိနေမလဲ????? Drama အမျိုးစားလေးက လျှို့ဝှက်ဆန်းကြယ် ၊ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ၊ စိတ်ကူးယဉ်အချစ် ရသအစုံပါတာမို့ ဇာတ်လမ်းလေး သဘောတရားနားလည်ရုံလေးလောက်သာ အကျဉ်းလေးရေးပြထားပါတယ်နော်………. လိျှု့ဝှက်ဆန်းကြယ်ဆိုတာမျိုးက ကိုယ်တိုင်ကြည့်ရှုမှ ပို စိတ်ဝင်စားဖွယ်ကောင်းတာမို့ ဇာတ်ကောင်တွေရဲ့ ပတ်သတ်မှုတွေကို ထည့်မရေးပြထားတာပါ…….. ဒီDrama လေးမှာ ပါဝင်သရုပ်ဆောင်ထားသမျှ သရုပ်ဆောင်တွေကတော့ ဝါရင့်သရုပ်ဆောင်တွေချည်းပါပဲ……. မျက်နှာခွဲစိတ်ပြုပြင်လိုက်တဲ့ မိန်းကလေး(ရှင်းဟွန်းဆော သို့ ဂျီအွန်းဟန်) အဖြစ် ….Nam Sang Mi (စပိုင်မင်းသမီး) ခွဲစိတ်ပြုပြင်ဆရာဝန်လေး ဟန်းဂန်းဝူအဖြစ်…. Kim Jae Won (ချွဲခွာနူး ၊ ရွေးနီမလေး ချစ်ပုံပြင်ထဲက မင်းသား) ဒီမင်းသားရဲ့ Come back drama လေးပေါ့….. ရုပ်ချော ၊ နာမည်ကျော်သတင်းကြေငြာသူ ဂန်ချန်းဂီအဖြစ် ….Jo Hyun Jae (49 days ထဲက မင်းသား) အိမ်ထိန်း အဖွဲ့ခေါင်းဆောင် ဂျောင်ဆူဂျင်း နေရာမှာတော့…. Han Eun Jung (ဟေးဝန်း) တို့ကပါဝင်သရုပ်ဆောင်ထားကြပါတယ်………… တကယ့်ကို ကြည့်ကောင်းတဲ့ Drama လေးဖြစ်ပြီး နားချိန်တိုင်း ဖုန်းကို လက်ကမချ အိပ်ချိန်ထဲကဖဲ့ ရေးထားရတဲ့ dramaလေးမို့ မပျက်မကွက် အားပေးကြမယ်ဆို အားတက်ပျော်ရွှင်မိမှာပါ………. ကျေနပ်နှစ်သက်နိုင်ကြပါစေနော်……………